2019 week 24 ရဲ့ ရေပန်းအစားဆုံး စမတ်ဖုန်း (၁၀) လုံး

2019 week 24 ရဲ့ ရေပန်းအစားဆုံး စမတ်ဖုန်း (၁၀) လုံး google.com
တိုးတတ်ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ နည်းပညာပြိုင်ဆိုင်မှုတွေကလဲ ပိုလို့ တိုးလာကြပါတယ်။
အပတ်စဉ်ရေးသားတင်ဆက်နေကျဖြစ်တဲ့ ရေပန်းအစားဆုံး ဖုန်း (၁၀) လုံးရဲ့ အလှည့်ကိုပြန်လည်ရောက်ရှိလာပြန်ပါပြီ။ ဒီတစ်ပတ်မှာတော့ ဘယ်ဖုန်းအမျိုးအစားတွေက ရေပန်းအစားဆုံးဖြစ်လာမလည်းဆိုတာ ကြည့်လိုက်ကြရအောင်။
 
(၁) ဒီတစ်ပတ်ရဲ့အဆင့် ၁ နေရာမှာတော့ ခုတလောမှစတင်မိတ်ဆက်ပေးခဲ့တဲ့ Xiaomi Mi 9T ကနေရာယူထားပါတယ်။ ဒီကောင်လေးမှာတော့ ကင်မရာ ၃လုံးနဲ့အတူ Android 9.0 (Pie); MIUI 10 အပြင် Chipset ကတော့ Qualcomm SDM730 Snapdragon 730 (8 nm) တို့နဲ့ ပွဲထွက်လာတာပါ။
 
(၂) အဆင့် ၂ နေရာကိုတော့ Samsung Galaxy A50 ကပြန်လည်ရောက်ရှိလာပါတယ်။
 
(၃) ဒီနှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာဖွယ်ရှိတဲ့ Samsung Galaxy Note10 Pro ကတော့ အဆင့် ၃ နေရာကိုရောက်ရှိနေပါတယ်။ ကင်မရာ ၄ လုံးပါဝင်ပြီးတော့ CPU အနေနဲ့ Octa-core (2x2.73 GHz Mongoose M4 & 2x2.31 GHz Cortex-A75 & 4x1.95 GHz Cortex-A55) - EMEA / Octa-core (1x2.84 GHz Kryo 485 & 3x2.41 GHz Kryo 485 & 4x1.78 GHz Kryo 485) - USA/LATAM, China ဆိုပြီးပွဲထွက်လာနိုင်ချေရှိပါတယ်။ 
 
(၄) အဆင့် ၂ နေရာကနေကျဆင်းလာတဲ့ Xiaomi Redmi K20 Pro ကတော့ အဆင့် ၄ နေရာမှာရှိနေပါတယ်။
 
(၅) Samsung Galaxy A70 ကတော့ အဆင့် ၅ နေရာရောက်ရှိနေပါတယ်။
 
(၆) အဆင့် ၆ မှာတော့ ဒီဇွန်လထဲမှာပဲ မိတ်ဆက်ပေးတော့မယ့် Samsung Galaxy M40 ကတော့ရှိနေပါတယ်။ ဒီကောင်လေးမှာတော့ ကင်မရာ ၃ လုံးပါဝင်လာမှာဖြစ်ပြီးတော့ Non-removable Li-Po 3500 mAh battery၊ Fast battery charging 15W တို့လဲ ပါဝင်မှာပါ။
 
(၇) Xiaomi Redmi Note 7 ကလည်း အဆင့် ၇ နေရာကနေ Top Ten List ထဲပါဝင်နေတုန်းပါပဲ။
 
(၈) အရင်တစ်ပတ်က အဆင့် ၁ နေရာကို သိမ်းပိုက်ခဲ့တဲ့ Nokia 2.2 ကတော့ အဆင့် ၈ မှာပါ။ ဒီကောင်လေးကိုတော့ Card slot - microSD, up to 400 GB နဲ့အတူ Internal - 32 GB, 3 RAM or 16 GB, 2 GB RAM တို့ပါဝင်ပြီးတော့ မိတ်ဆက်ခဲ့တာပါ။ 
 
(၉) Samsung Galaxy A30 ကတော့ အဆင့် ၉ နေရာမှာ ရှိနေဆဲပါပဲ။
 
(၁၀) Samsung Galaxy A20 ကလည်း အဆင့် ၁၀ နေရာကိုဝင်ရောက်လာပြီး Top Ten List ထဲကိုပြန်လည်ပါဝင်လာတာဖြစ်ပါတယ်။
 
ဒီတစ်ပတ်အတွက်သုံးသပ်ရမယ်ဆိုရင် Samsung Galaxy A Series တော်တော်များများ Top Ten List ထဲနေရာယူထားတာကို တွေ့ရမှာဖြစ်ပြီး Samsung ဖုန်းတွေက ရေပန်းအစားဆုံးဖြစ်နေတာကို အထူးတလည်ပြောပြနေစရာတောင် မလိုတော့ပါဘူး။ Xiaomi ရဲ့ နာမည်ကြီး Note 7 ကလည်း List ထဲမှာ ဒီတစ်ပတ်အထိပါဝင်နေတုန်းပါပဲ။
 
ပြည့်ပြည့်စုံစုံတော့ ရှိသွားပြီထင်ပါတယ်။ နောက်တစ်ပတ်မှ ပြန်တွေ့ကြရအောင်။ Top Ten Trending Phone သတင်းများကို အပတ်စဉ် တနင်္လာနေ့ ညနေ ၃ နာရီ အချိန်မှာ ပုံမှန်ရေးသားတင်ဆက်ပေးသွားပါမယ်။
 
Ref : Gsmarena
Read times
Rate this item
(1 Vote)