2019 week 27 ရဲ့ ရေပန်းအစားဆုံး စမတ်ဖုန်း (၁၀) လုံး

2019 week 27 ရဲ့ ရေပန်းအစားဆုံး စမတ်ဖုန်း (၁၀) လုံး google.com
တိုးတတ်ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ နည်းပညာပြိုင်ဆိုင်မှုတွေကလဲ ပိုလို့ တိုးလာကြပါတယ်။
အပတ်စဉ်ရေးသားတင်ဆက်နေကျဖြစ်တဲ့ ရေပန်းအစားဆုံး ဖုန်း (၁၀) လုံးရဲ့ အလှည့်ကိုပြန်လည်ရောက်ရှိလာပြန်ပါပြီ။ ဒီတစ်ပတ်မှာတော့ ဘယ်ဖုန်းအမျိုးအစားတွေက ရေပန်းအစားဆုံးဖြစ်လာမလည်းဆိုတာ ကြည့်လိုက်ကြရအောင်။
 
(၁) ဒီတစ်ပတ်ရဲ့အဆင့် ၁ နေရာကိုတော့ Samsung Galaxy A50 ကသိမ်းပိုက်ထားပါတယ်။
 
(၂) အဆင့် ၂ နေရာမှာတော့ Samsung Galaxy A70 ကနေရာယူထားပါတယ်။ 
 
(၃) Xiaomi Redmi Note 7 ကတော့ အဆင့် ၃ နေရာကနေ Top Ten List ထဲပါဝင်နေတုန်းပါပဲ။
 
(၄) မကြာသေးခင်ကမှ မိတ်ဆက်ပေးခဲ့တဲ့ Xiaomi Mi CC9e ကတော့ အဆင့် ၄ နေရာမှာရှိနေပါတယ်။ ကင်မရာ ၃ သုံးပါဝင်ပြီးတော့ Chipset - Qualcomm SDM665 Snapdragon 665 (11 nm) ပါဝင်ပြီးပွဲထွက်လာခဲ့တာဖြစ်ပါတယ်။
 
(၅) အဆင့် ၅ နေရာမှာတော့ Xiaomi Redmi K20 Pro ရှိနေပါတယ်။ 
 
(၆) အဆင့် ၆ နေရာကိုတော့ Samsung Galaxy A30 ရောက်ရှိလာတာပဲဖြစ်ပါတယ်။
 
(၇) အဆင့် ၅ နေရာက ကျဆင်းလာတဲ့ Xiaomi Mi 9T ကတော့ အဆင့် ၇ နေရာကိုရောက်ရှိနေပါတယ်။
 
(၈) Samsung Galaxy M40 ကတော့ အဆင့် ၈ နေရာမှာပါ။
 
(၉) အဆင့် ၉ နေရာမှာတော့ Samsung Galaxy A20 ရှိနေပါတယ်။
 
(၁၀) Xiaomi Mi CC9 ကတော့ အဆင့် ၁၀ နေရာကနေ Top Ten List ထဲကိုပါဝင်နေပါတယ်။
 
ဒီတစ်ပတ်အတွက်သုံးသပ်ရမယ်ဆိုရင် Samsung နဲ့ Xiaomi ဖုန်းတော်တော်များများ Top Ten List ထဲနေရာယူထားတာကို တွေ့ရမှာဖြစ်ပြီး Samsung ဖုန်းတွေက ရေပန်းအစားဆုံးဖြစ်နေတာကို အထူးတလည်ပြောပြနေစရာတောင် မလိုတော့ပါဘူး။ Xiaomi ရဲ့ နာမည်ကြီး Note 7 ကလည်း List ထဲမှာ အဆင့် ၃ နေရာကနေ ဒီတစ်ပတ်အထိပါဝင်နေတုန်းပါပဲ။
 
ပြည့်ပြည့်စုံစုံတော့ ရှိသွားပြီထင်ပါတယ်။ နောက်တစ်ပတ်မှ ပြန်တွေ့ကြရအောင်။
 
Ref : Gsmarena
Read times
Rate this item
(2 votes)