2019 week 36 ရဲ့ ရေပန်းအစားဆုံး စမတ်ဖုန်း (၁၀) လုံး

2019 week 36 ရဲ့ ရေပန်းအစားဆုံး စမတ်ဖုန်း (၁၀) လုံး google.com
တိုးတတ်ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ နည်းပညာပြိုင်ဆိုင်မှုတွေကလဲ ပိုလို့ တိုးလာကြပါတယ်။
အပတ်စဉ်ရေးသားတင်ဆက်နေကျဖြစ်တဲ့ ရေပန်းအစားဆုံး ဖုန်း (၁၀) လုံးရဲ့ အလှည့်ကိုပြန်လည်ရောက်ရှိလာပြန်ပါပြီ။ ဒီတစ်ပတ်မှာတော့ ဘယ်ဖုန်းအမျိုးအစားတွေက ရေပန်းအစားဆုံးဖြစ်လာမလဲဆိုတာ ကြည့်လိုက်ကြရအောင်။
 
(၁) ဒီတစ်ပတ်ရဲ့အဆင့် ၁ နေရာမှာလည်း Xiaomi Redmi Note 8 Pro ရှိနေပါတယ်။ Internal - 64GB 6 GB RAM, 128GB 6GB RAM, 128GB 8GB RAM တို့အပြင် 64 MP ပါတဲ့ ကင်မရာ ၄ လုံးလည်းပါဝင်မှာပါ။ Specs အပြည့်အစုံကိုတော့ အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
 
(၂) အဆင့် ၂ နေရာမှာတော့ Nokia 7.2 ရှိနေပါတယ်။ ဒီစက်တင်ဘာလထဲမှာ စတင်မိတ်ဆက်ခဲ့ပြီးတော့ Chipset - Qualcomm SDM660 Snapdragon 660 (14 nm), CPU - Octa-core (4x2.2 GHz Kryo 260 & 4x1.8 GHz Kryo 260) တို့ပါဝင်မှာပါ။ 
 
(၃) ဒီလထဲမှာစတင်မိတ်ဆက်ခဲ့ပြီး အောက်တိုဘာလမှာရောင်းချပေးမယ့် Sony Xperia 5 ကတော့ အဆင့် ၃ နေရာမှာရောက်ရှိနေပါတယ်။ Specs အပြည့်အစုံကိုတော့ အောက်ပါလင့်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 
 
(၄) မနေ့ညက မိတ်ဆက်ပေးခဲ့တဲ့ Apple iPhone 11 Pro Max ကတော့ အဆင့် ၄ နေရာကနေ ရေပန်းအစားဆုံးစာရင်းထဲကို ဝင်ရောက်လာပြီပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ မြန်မာငွေ ၁၅ သိန်းဝန်းကျင်ခန့် ဖြစ်ပါတယ်။
 
 
(၅) အဆင့် ၅ နေရာမှာတော့ Apple iPhone 11 Pro ရှိနေပါတယ်။ 
 
(၆) Apple iPhone 11 ကတော့ အဆင့် ၆ နေရာမှာပါ။ ဈေးနှုန်းကတော့ မြန်မာငွေ ၁၂ သိန်းဝန်းကျင်ဖြစ်ပါတယ်။ 
 
(၇) အဆင့် ၇ နေရာမှာတော့ Samsung Galaxy A50 ကဝင်ရောက်နေရာယူနေပါတယ်။ 
 
(၈) အဆင့် ၈ နေရာကိုတော့ Samsung Galaxy M30s ကနေရာယူနေပြီးတော့ Internal - 64GB 4GB RAM, 128GB 6GB RAM တို့ပါဝင်လာမှာပါ။ Specs အပြည့်အစုံကိုတော့ အောက်ပါလင့်ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
 
(၉) Samsung Galaxy A90 5G ကတော့ အဆင့် ၉ နေရာမှာပါ။ ကင်မရာ ၃ သုံးနဲ့အတူ Internal - 128GB 6GB RAM, 128GB 8GB RAM တို့ပါဝင်လာမှာပါ။ 
 
(၁၀) အရင်တစ်ပတ်က အဆင့် ၂ နေရာကို သိမ်းပိုက်ထားခဲ့တဲ့ Xiaomi Redmi Note 8 ကတော့ အဆင့် ၁၀ နေရာကနေ ရေပန်းအစားဆုံးစာရင်းထဲကိုပါဝင်နေပါတယ်။
 
ဒီတစ်ပတ်အတွက်သုံးသပ်ရမယ်ဆိုရင် Xiaomi Redmi Note 8 Pro ကပဲ အဆင့် ၁ နေရာကို သိမ်းပိုက်ထားနေဆဲဖြစ်ပါတယ်။ ထူးခြားချက်တွေအနေနဲ့ကတော့ မနေ့ညကမှ စတင်မိတ်ဆက်ပေးခဲ့တဲ့ Apple ရဲ့ iPhone 11 Series တွေအကုန်လုံး Top Ten List ထဲကိုပါဝင်လာတာဖြစ်ပြီးတော့ Xiaomi Redmi ရဲ့ Note 8 & Note 8 Pro ကလည်း Top Ten List ထဲမှာပါဝင်နေဆဲပါပဲ။ စတင်မိတ်ဆက်ရောင်းချခဲ့စဉ်အချိန်ထဲက Top Ten List ထဲကို ပါဝင်လာခဲ့တဲ့ Xiaomi Redmi Note 7 ကတော့ ဒီတစ်ပတ်မှာ ပါဝင်လာခြင်းမရှိတော့ပါဘူး။
 
ပြည့်ပြည့်စုံစုံတော့ ရှိသွားပြီထင်ပါတယ်။ နောက်တစ်ပတ်မှ ပြန်တွေ့ကြရအောင်။ Top Ten Trending Phone သတင်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့မှာ ရေးသားတင်ဆက်ပေးသွားပါမယ်။
 
 
Ref : Gsmarena
Read times
Rate this item
(1 Vote)