2019 week 38 ရဲ့ ရေပန်းအစားဆုံး စမတ်ဖုန်း (၁၀) လုံး

2019 week 38 ရဲ့ ရေပန်းအစားဆုံး စမတ်ဖုန်း (၁၀) လုံး google.com
တိုးတတ်ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ နည်းပညာပြိုင်ဆိုင်မှုတွေကလဲ ပိုလို့ တိုးလာကြပါတယ်။
အပတ်စဉ်ရေးသားတင်ဆက်နေကျဖြစ်တဲ့ ရေပန်းအစားဆုံး ဖုန်း (၁၀) လုံးရဲ့ အလှည့်ကိုပြန်လည်ရောက်ရှိလာပြန်ပါပြီ။ ဒီတစ်ပတ်မှာတော့ ဘယ်ဖုန်းအမျိုးအစားတွေက ရေပန်းအစားဆုံးဖြစ်လာမလဲဆိုတာ ကြည့်လိုက်ကြရအောင်။
 
(၁) ဒီတစ်ပတ်ရဲ့အဆင့် ၁ နေရာကိုတော့ Huawei ရဲ့ Mate 30 Pro 5G ကသိမ်းပိုက်လိုက်ပါတယ်။ ရှေ့ကင်မရာ ၂ လုံး၊ နောက်ကင်မရာ ၄ လုံးတို့နဲ့အတူပွဲထွက်လာတာပါ။ Specs အပြည့်အစုံကိုတော့ အောက်ပါလင့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
 
(၂) အဆင့် ၂ နေရာမှာတော့ Huawei Mate 30 Pro ရှိနေပါတယ်။ Specs အပြည့်အစုံကိုတော့ အောက်ပါလင့်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 
 
(၃) Apple iPhone 11 Pro Max ကတော့ အဆင့် ၃ နေရာကိုရောက်ရှိလို့သွားပါပြီ။ 
 
(၄) အဆင့် ၄ နေရာကိုတော့ Huawei Mate 30 ကနေရာယူထားပါတယ်။ ရှေ့ကင်မရာ ၂ လုံး၊ နောက်ကင်မရာ ၃ လုံးနဲ့အတူပွဲထွက်လာပါတယ်။ Specs အပြည့်အစုံကိုတော့ အောက်ပါလင့်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 
 
(၅) အဆင့် ၅ နေရာမှာတော့ Huawei Mate 30 5G ရှိနေပါတယ်။ Specs အပြည့်အစုံကိုတော့ အောက်ပါလင့်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 
 
 
(၆) အဆင့် ၆ နေရာမှာ Apple iPhone 11 ရှိနေပါတယ်။ 
 
(၇) Samsung Galaxy A50 ကတော့ အဆင့် ၇ နေရာမှာပါ။ 
 
(၈) အဆင့် ၄ နေရာကနေဆင်းသက်လာတဲ့ Xiaomi Redmi Note 8 Pro ကတော့ အဆင့် ၈ နေရာမှာပါ။ 
 
(၉) အရင်တစ်ပတ်က အဆင့် ၂ နေရာမှာရှိခဲ့တဲ့ Apple iPhone 11 Pro ကတော့ အဆင့် ၉ နေရာမှာပါ။ 
 
(၁၀) Realme XT ကတော့ အဆင့် ၁၀ နေရာကနေ ရေပန်းအစားဆုံးစာရင်းထဲကို ပါဝင်နေပါတယ်။
 
ဒီတစ်ပတ်အတွက်သုံးသပ်ရမယ်ဆိုရင် Huawei Mate 30 Series တွေက ရေပန်းအစားဆုံးစာရင်းထဲမှာ အများဆုံးနေရာယူနေပါတယ်။ Apple ရဲ့ iPhone 11 Series တွေအနေနဲ့ကတော့ အဆင့်တွေကျဆင်းသွားပါတယ်။ Xiaomi Redmi Note 8 Pro ကလည်းအဆင့် ၈ နေရာကနေ ရေပန်းအစားဆုံးစာရင်းထဲကို ပါဝင်နေတုန်းပါပဲ။ 
 
ပြည့်ပြည့်စုံစုံတော့ ရှိသွားပြီထင်ပါတယ်။ နောက်တစ်ပတ်မှ ပြန်တွေ့ကြရအောင်။ Top Ten Trending Phone သတင်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့မှာ ရေးသားတင်ဆက်ပေးသွားပါမယ်။
 
Ref : Gsmarena
Read times
Rate this item
(2 votes)