2019 week 40 ရဲ့ ရေပန်းအစားဆုံး စမတ်ဖုန်း (၁၀) လုံး

2019 week 40 ရဲ့ ရေပန်းအစားဆုံး စမတ်ဖုန်း (၁၀) လုံး google.com
တိုးတတ်ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ နည်းပညာပြိုင်ဆိုင်မှုတွေကလဲ ပိုလို့ တိုးလာကြပါတယ်။
 
အပတ်စဉ်ရေးသားတင်ဆက်နေကျဖြစ်တဲ့ ရေပန်းအစားဆုံး ဖုန်း (၁၀) လုံးရဲ့ အလှည့်ကိုပြန်လည်ရောက်ရှိလာပြန်ပါပြီ။ ဒီတစ်ပတ်မှာတော့ ဘယ်ဖုန်းအမျိုးအစားတွေက ရေပန်းအစားဆုံးဖြစ်လာမလဲဆိုတာ ကြည့်လိုက်ကြရအောင်။
 
(၁) ဒီတစ်ပတ်ရဲ့အဆင့် ၁ နေရာကိုတော့ Xiaomi Mi Mix Alpha ကဝင်ရောက်သိမ်းပိုက်ထားပါတယ်။ ဖုန်းမျက်နှာပြင် ၁၈၀ ရာခိုင်နှုန်းထိပါဝင်လာပြီးတော့ Qualcomm Snapdragon 855+ ပရိုဆက်ဆာ၊ 5G ကွန်ရက်၊ RAM 12GB နဲ့ storage 512GB အပြင် အားသွင်းမြန်ဆန်တဲ့ 40W နဲ့ ဘက်ထရီ 4,050mAh ပါဝင်လာပါတယ်။
 
(၂) အဆင့် ၂ နေရာမှာတော့ Samsung Galaxy M30s ရှိနေပါတယ်။ Internal - 64GB 4GB RAM, 128GB 6GB RAM တို့ပါဝင်ပြီး ကင်မရာ ၄ လုံးထိပါဝင်ပါတယ်။ Specs အပြည့်အစုံကိုတော့ အောက်ပါလင့်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
 
(၃) Samsung Galaxy A70s ကတော့ အဆင့် ၃ နေရာမှာပါ။ Specs အပြည့်အစုံကိုတော့ အောက်ပါလင့်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
 
(၄) အဆင့် ၄ နေရာကိုမှာတော့ OnePlus 7T ကရှိမြဲအတိုင်းရှိနေပါတယ်။ စက်တင်ဘာလထဲမှာမိတ်ဆက်ပေးခဲ့ပြီး အောက်တိုဘာ ၁၈ ရက်နေ့မှာ စတင်ရောင်းချပေးမှာဖြစ်ပါတယ်။
 
(၅) Xiaomi ရဲ့ Redmi Note 8 Pro ကတော့ အဆင့် ၅ နေရာကနေ Top Ten List ထဲကိုပါဝင်နေပါတယ်။ 
 
(၆) အဆင့် ၆ နေရာမှာတော့ Apple iPhone 11 Pro Max ရှိနေပါတယ်။ 
 
(၇) Realme X2 Pro ကတော့ အဆင့် ၇ နေရာကနေ Top Ten List ထဲကို ပါဝင်လာပါတယ်။ Specs အပြည့်အစုံကိုတော့ အောက်ပါလင့်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
 
(၈) အဆင့် ၈ နေရာမှာတော့ Samsung Galaxy A50 ရှိနေပါတယ်။ 
 
(၉) ဇူလိုင်လမှာ စတင်မိတ်ဆက်ရောင်းချခဲ့တဲ့ Xiaomi Mi A3 ကတော့ အဆင့် ၉ နေရာမှာရှိနေပါတယ်။
 
(၁၀) ကင်မရာ ၅ လုံးထိပါဝင်တဲ့ Realme 5 Pro ကတော့ အဆင့် ၁၀ နေရာကနေ Top Ten List ထဲကိုပါဝင်နေပါတယ်။
 
ဒီတစ်ပတ်အတွက်သုံးသပ်ရမယ်ဆိုရင် Xiaomi ရဲ့ ဒေါ်လာ ၂၈၀၀ တန် Mi Mix Alpha က အဆင့် ၁ နေရာကိုသိမ်းပိုက်လိုက်ပြီး iPhone 11 Pro Max ကတော့ အဆင့် ၆ နေရာကိုရောက်ရှိသွားပါတယ်။ အသစ်ထွက်ရှိလာတဲ့ OnePlus 7T ဖုန်းကလည်း ရေပန်းအစားဆုံးစာရင်းထဲမှာ အဆင့် ၄ နေရာကနေ ပါဝင်နေပါတယ်။
 
ပြည့်ပြည့်စုံစုံတော့ ရှိသွားပြီထင်ပါတယ်။ နောက်တစ်ပတ်မှ ပြန်တွေ့ကြရအောင်။ Top Ten Trending Phone သတင်းများကို အပတ်စဉ် တနလာင်္နေ့မှာ ရေးသားတင်ဆက်ပေးသွားပါမယ်။
 
(Unicode)
 
Ref : Gsmarena
Read times
Rate this item
(1 Vote)