ကိုယ်ပိုင် အွန်လိုင်းငွေကြေးစနစ်ကိုဖန်တီးပြီး ကမ္ဘာ့အကြီးဆုံးဘဏ်ဖြစ်လာဖို့ ကြံစည်နေတဲ့ facebook

ကိုယ်ပိုင် အွန်လိုင်းငွေကြေးစနစ်ကိုဖန်တီးပြီး ကမ္ဘာ့အကြီးဆုံးဘဏ်ဖြစ်လာဖို့ ကြံစည်နေတဲ့ facebook google

Facebookဟာ ကိုယ်ပိုင် အွန်လိုင်းငွေကြေးစနစ်ကိုဖန်တီးပြီး ကမ္ဘာ့အကြီးဆုံးဘဏ်ဖြစ်လာဖို့ ကြိုးစားနေပါတယ်။

 

နယူးယောက်တိုင်းမ်စ်သတင်းကဖော်ပြချက်အရ Facebook ကသူပိုင်ဆိုင်ထားတဲ့ Messenger, WhatsApp နဲ့ Instagram တွေမှာ သုံးစွဲသူတွေကြားထဲမှာ ၀န်ဆောင်မှုစတင်မှာဖြစ်ပါတယ်လို့သိရပါတယ်။

 

ဒါ့အပြင် ပြိုင်ဘက်စာပို့ဝန်ဆောင်မှု app တွေဖြစ်တဲ့ Telegram နဲ့ Signal တို့ကို ယှဉ်ပြိုင်ဖို့ ရည်ရွယ်တာလည်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ Telegram က အွန်လိုင်းငွေကြေးစနစ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁.၇) ဘီလျံရင်းနှီးမြုပ်နှံတာကို သိရှိခဲ့ပြီးတဲ့အချိန်ကစလို့ သူ့ကိုယ်ပိုင် အွန်လိုင်းငွကြေးစနစ်ကို တိတ်တဆိတ်ဖန်တီးနေခဲ့တာပါ။


Messenger, WhatsApp နဲ့ Instagram အစရှိတဲ့  social Media တွေမှာ သုံးစွဲသူစုစုပေါင်း 2.7 billion users အထိရှိခဲ့ ပြီးကမ္ဘာလူဦးရေရဲ့  သုံးပုံ တစ်ပုံလောက်ကိုပိုင်ဆိုင်ထားပါတယ်။

 

ငွေးကြေးဆိုင်ရာရည်မှန်ချက်အရ ကမ္ဘာပေါ်မှာ ကိုင်ဆောင်သုံးစွဲမှုအများဆုံး ငွေကြေးတစ်ခုဖြစ်လာဖို့အထိ ရည်မှန်းထားပြီး ငွေကြေးစီးဆင်းမှုတွေကို အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့ လည်းပါဝင်ပါတယ်။

 

အခုအွန်လိုင်းငွေကြေးစနစ်သာ အလုပ်ဖြစ်လာခဲ့မယ်ဆိုရင် Visa နဲ့ MasterCard တို့လို ခရက်ဒစ်ကတ်လုပ်ငန်းကြီးတွေအတွက် ကပ်စိုက်လာမှာဖြစ်ပြီး credit card,Atm Cardmobile pay အစရှိတဲ့ Digital money လုပ်ငန်းတွေကို ကြီးစိုးလာမှာဖြစ်ပါတယ်။

ဒီငွေကြေးစနစ်ကို Facebook က ဒီနှစ်အစောပိုင်းထဲမှာပဲ စပြီးအကောင်အထည်ဖော်သွားဖို့ရှိနေကြောင်းကိုလည်းနယူးယောက်တိုင်းမ်စ်က ဆိုထားပါတယ်။

Source: myanmar business directory

 

Read:   Facebook version အသစ်နဲ့အတူ ပါဝင်လာမည့် features အသစ်

Read times
Rate this item
(1 Vote)