G-mail android တွင် Schedule ပြုလုပ်နိုင်တဲ့ features အသစ် ပါဝင်လာတော့မည်

G-mail android တွင် Schedule ပြုလုပ်နိုင်တဲ့ features အသစ် ပါဝင်လာတော့မည် google

အီးမေးလ်များကို Schedule ပြုလုပ်ပြီးပေးပို့ချင်သူများအတွက် သတင်းကောင်းပါ။

Gmail Android မှာ အဲဒီလုပ်ဆောင်ချက် ပါလာတော့မှာဖြစ်ပါတယ်။ သူ့ရဲ့ ကုဒ်များထဲမှာ အဲဒီလုပ်ဆောင်ချက် ပါလာတာကို တွေ့နေရပါတယ်။ 9to5Google က အဲဒီကုဒ်များကို မြင်ခဲ့ကြတာဖြစ်ပါတယ်။ 2 မိနစ်ကနေ နှစ် 50 အထိ Schedule ပြုလုပ်နိုင်မယ့် ရွေးချယ်စရာများစွာပါပါတယ်။

Schedule ပြုလုပ်ထားတဲ့ အီးမေးလ်ကို Cancel ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်လည်းပါပါတယ်။ Draft ထဲ လည်းထည့်သွင်းထားနိုင်ပါတယ်။ Schedule Function ကို Cloud ကနေ ပြုလုပ်တာဖြစ်နိုင်ပါတယ်။ အဲဒီအတွက် Schedule ပြုလုပ်ထားပြီးလို့ သင့်ဖုန်းဟာအင်တာနက်မရှိရင် သို့မဟုတ် ပါဝါပိတ်ထားရင် တောင် Schedule လုပ်ထားတဲ့ အချိန်အတိုင်းအီးမေးလ်ကိုပေးပို့ပေးမှာ ဖြစ်ပါတယ်။

Gmail မှာ Schedule ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်ပါမယ်ဆိုတာ 2018 ခုနှစ် ဇူလိုင်လကတည်းက သတင်းထွက်ခဲ့တာဖြစ်ပါတယ်။ အထောက်အထားများလည်း ထွက်ပေါ်လာခဲ့ဖူးပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကိုမကြာခင်မှာ အသုံးပြုနိုင်တော့မယ်လို့ ထင်ပါတယ်။

Gmail ကို ဂူဂယ်က ဖန်တီးထားတာနောက်လဆို 15 နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ 2004 ခုနှစ် ဧပြီလမှာ စတင်ဖြန့်ချိပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာ ဂူဂယ်ကဂျီမေးလ်မှာလုပ်ဆောင်ချက် အသစ်များစွာကို ထည့်သွင်းပေးခဲ့ပါတယ်။ မကြာခင်ကလည်း Android မှာ Smart Reply ကို ထည့်ပေးခဲ့ပါတယ်။

Source: net guide

Read More :  ဘာဆော့ဝဲလ်၊ ဘာTool မှမသုံးပဲ IMEI ရေးနည်း


Read times
Rate this item
(0 votes)