2019 မှာ ထွက်ရှိလာမည့် emoji အသစ်များ

2019 မှာ ထွက်ရှိလာမည့် emoji အသစ်များ google

၂၀၁၉မှာ Unicode Consortiumက အီမိုဂျီအသစ် ၂၃၀လောက်ကို ထုတ်ပြသွားမယ်လို့ပြောခဲ့ပါတယ်။

အဲ့ထဲမှာ ဘယ်သူမှမတောင်းဆိုခဲ့တဲ့ သေးငယ်တဲ့ ယောက်ျားလိင်အင်္ဂါ သင်္ကေတလည်း ပါနေပါတယ်။ဒီအမြတ်အစွန်းအတွက်မဟုတ်တဲ့ အဖွဲ့အစည်းက ဒီအစိတ်အပိုင်းသေးသေးလေးအတွက် နိုင်ငံတကာလက်ဟန်ပုံစံပါ ပါဝင်တဲ့ အီမိုဂျီအသစ်မိတ်ဆက်မှာကို ဒီနေ့အသိပေးခဲ့ပါတယ်။

နာမည်ကြီးသူတွေ အကြောင်းအတင်းအဖျင်း သတင်းစာ Popbitch ရဲ့စာဖတ်သူတွေအတွက် အဆင်သင့်စေတဲ့ ဖျံအီမိုဂျီလည်းပါလာသလိုတစ်ယောက်ယောက်ကများအဓိပ္ပာယ်မှားသုံးမိမလားဆိုတာ မခန့်မှန်းမိနိုင်တဲ့ စကင့်(skunk) ကောင် အီမိုဂျီလည်းပါလာပါတယ်။

သွေးတစ်စက်၊ ပုဆိန်တစ်လက်နဲ့ မုတ်ဆိတ်ရိတ်ဓားတစ်လက်ပုံ အီမိုဂျီတွေဟာ တီးတိုးပြောနေမှုတွေရှိနေတဲ့အချိန်မှာပဲ Deliverance ထဲက နာမည်ကြီး ‘ ဘင်ဂျို ယှဉ်တီးခြင်း’ ဆိုတဲ့ ဇာတ်ဝင်ခန်းမှာ တီးတဲ့ ဘင်ဂျို ပုံစံမျိုး သင်္ကေတလည်း ပါရှိနေပါတယ်။


Unicode
က ဆိုင်ဘော့ဂ် အမျိုးသမီးအရေးလှုပ်ရှားသူတွေအတွက် အဆင့်သင့်စေတဲ့ စက်ရုပ်လက်ပုံ အီမိုဂျီနဲ့ ကြယ်တွေကြည့်ရတာနှစ်သက်သူတွေအတွက် ကွင်းတပ်ထားတဲ့ ဂြိုလ်ပုံစံ အီမိုဂျီတွေကိုပါ မိတ်ဆက်ပေးမှာပါ။
စားဖိုမှုးတွေနဲ့ ပါတနာတွေအတွက် ဈေးဝယ်စရာစာရင်းလုပ်ပေးတဲ့လူတွေကျတော့ အစားအသောက်အီမိုဂျီအသစ်ထဲမှာ ကြက်သွန်ဖြူ၊ ထောပတ် နဲ့ကြာက်သွန်နီတွေ ပြီးတော့ ဝေဖာပုံ အီမိုဂျီတွေပါ ပါလာတာကို ကြိုက်နှစ်သက်ကြမှာပါ။

ပိုပြီး အရေးကြီးတာကတော့ မျက်မမြင်တွေ အသုံးပြုလေ့ရှိတဲ့ လမ်းပြခွေးတွေ ဘီးတပ်ကုလားထိုင်တွေနဲ့ လက်ကိုင်တုတ် အီမိုဂျီတွေပါလာပါတယ်။ ဒီ အီမိုဂျီတွေက မသန်စွမ်းသူတွေအတွက် ပိုအရေးပါတဲ့ သင်္ကေတတွေဖြစ်လာမှာပါ။

လိင်အမျိုးမျိုးနဲ့ အသားအရောင် အမျိုးမျိုးရှိတဲ့ စုံတွဲတွေ လက်ချင်းတွဲထားတဲ့ အီမိုဂျီ ၁၇၁ပုံကိုလည်း ထည့်သွင်းထားပါတယ်။ဒီ Emoji 12.0 လို့ခေါ်တဲ့ အီမိုဂျီတွေကို မိတ်ဆက်တာကတော့ ဖုန်းကုမ္ပဏီအသီးသီးနဲ့ပဲ သက်ဆိုင်ပါတယ်။

Unicode ကတော့”ဒီ အီမိုဂျီတွေကို စက်တင်ဘာ အောက်တိုဘာလလောက်မှာ မိုဘိုင်းဖုန်းတွေမှာ စတင်ပြသသွားမှာဖြစ်ပေမယ့် တစ်ချို့ ကဏ္ဍတွေမှာတော့ ဒီထက်ပိုစောစော ချပြသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

 

Source: Myanmar hot daily

 

Read times
Rate this item
(0 votes)