Google plus လိုပဲ တရားဝင်ဖျက်သိမ်းတော့မည့် Google product တစ်ခု ကြေငြာလာ

Google plus လိုပဲ တရားဝင်ဖျက်သိမ်းတော့မည့် Google product တစ်ခု ကြေငြာလာ google

Google ဟာ ပြီးခဲ့တဲ့ နှစ်ထဲက Google + ကို 2019မှာ ပိတ်သိမ်းတော့မယ်လို့ ကြေငြာထားပါတယ်။

ဒါပေမဲ့ အခု Google + အပြင် နောက်ထပ် ပိတ်သိမ်းတော့မည့် google product တစ်ခုကြေငြာလာပါတယ်။ အဲ့ဒါကတော့ Gmail inboxပါ။

Gmail inbox ကို April လ ၂ ရက်နေ့မှာ ပိတ်သိမ်းသွားမယ်လို့ တရားဝင်ကြေငြာလာပါတယ်။ Google ဟာ ပိုမိုကောင်းမွန်တဲ့ အရာတွေဖန်တီးပေး နိုင်ဖို့အတွက် product အဟောင်းတွေ ကို စွန့်ထုတ်နေတာပါ။ အနာဂတ်မှာ ဘယ်လိုအရာတွေ ပေးစွမ်းမှာလဲ ဆိုတာတော့ အတိအကျ ကြေငြာထားခြင်း မရှိသေးပါဘူး။

သင့်ဟာအခုထိ inbox by G mail app ကို သုံးနေသေးတယ်ဆိုရင်တော့ သင့်ကို နောက်ထပ် ၁၂ ရက်ပဲ သုံးလို့ရတော့မယ်ဆိုတာကို Noti လာပြနေပါလိမ့်မယ်။ Social platform မှာ ကျရှုံးနေတဲ့ Google + နဲ့ inbox ကို တစ်ရက်တည်းမှာ ပိတ်သိမ်းမယ်လို့ထင်ပါတယ်။

တချိန်လုံး သတိပေးနေမှာဖြစ်ပြီး inbox by G mail users တွေအတွက် G mail app မှာ shortcut လုပ်ပေးထားမှာပါ။ ဒီ noti မှာဆိုရင်တော့ Google က သေချာ စာရင်းနဲ့အသုံးပြုရက် 15 14 13 စသဖြင့် count ရေတွက်ပြီး April 2 အထိ သတိပေးနေမှာပါ။

ဒါကြောင့် လွန်ခဲ့တဲ့ လအနည်းငယ်တည်းက inbox by G-mail features ကို G-mail app မှာ ထည့်သွင်းလာခဲ့တာပါ။ ဒါကြောင့် နောက်ဗားရှင်းအသစ်တွေကို ဒေါင်းလော့ ရယူနိုင်တော့မှာ မဟုတ်ပါဘူး။

ဒီ inbox by g-mail app ကို 2014 ခုနှစ်က စတင် ကြေငြာခဲ့တာဖြစ်ပြီး နေ့စဉ် လုပ်ငန်းဆောင်တာ၊ အဆက်အသွယ်များကို ပြသပေးထားခဲ့တာပါ။ အဲ့ဒီကနေ automatically စာပြန်တာတို့၊ စာတွေစုစည်းတာတို့နဲ့ အခြား features အများကြီး စွမ်းဆောင်ပေးခဲ့ပါတယ်။

မဝေးတော့တဲ့ အနာဂတ်မှာ G mail တွင် Smart reply, Nudges , Inline attachments, နဲ့ အခြားအများကြီး ပါဝင်လာမှာပါ။ ဒါပေမဲ့ features အားလုံးတော့ default G mail app မှာ ပါဝင်လာအုန်းမှာ မဟုတ်ပါဘူး။

ict guide

nga htet

Ref: Gadgets 360

Read times
Rate this item
(0 votes)