Facebook က users password တချို့ကို Plaintext ပေါ်မှာ အလွယ်သိမ်းထားတယ်လို့ သတင်းထွက်ပေါ်

Facebook က users password တချို့ကို Plaintext ပေါ်မှာ အလွယ်သိမ်းထားတယ်လို့ သတင်းထွက်ပေါ် google

Facebook က social media လောက မှာ အောင်မြင်မှုအများကြီး ရရှိထားတဲ့ social media company တစ်ခုလည်း ဖြစ်ပါတယ်။

facebook မှာ တစ်နေ့တစ်နေ့ ဝင်ရောက်လာတဲ့ user ပေါင်းက ထောင်နဲ့သောင်းနဲ့ ချီရှိနေပြီး users အားလုံးပေါင်းအနေနဲ့ million နဲ့ချီပြီး ကုမ္ပဏီမှာ register ပြုလုပ်ထားကြတာပါ။

အခုလို million နဲ့ချီပြီးရှိနေတဲ့ user တွေရဲ့ data password တွေကို ဘယ်လိုထိန်းသိမ်းထားလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒါပေမဲ့ ကျနော်တို့လုံးဝ မမျော်လင့်ထားတဲ့ သိမ်းဆည်းနည်းနဲ့ ထိန်းသိမ်းထားတယ်ဆိုရင် တော့ ပရိတ်သတ်ကြီး အံ့သြသွားမှာပါ။

security researcher တစ်ဦး ဖြစ်တဲ့ Brian Krebs ရဲ့ reports တစ်ခု ဖော်ပြထားပါတယ်။ ဖေ့ဘုတ်လ်က 200 နဲ့ 600 Million ပမာဏရှိတဲ့ users တွေရဲ့ ဒေတာတွေကို Plaintextပေါ်မှာ ဒီတိုင်းချမှတ်ထားတာပါတဲ့။

တချို့ကိစ္စတွေမှာ ဖေ့ဘုတ်လ်ဟာ ဝန်ထမ်း 20000 ကျော်နဲ့လွန်ခဲ့တဲ့ 2012 တုန်းကလို အချက်အလက်တွေကို ပြန်ရှာလို့ရအောင်၊ ပြန်ဖတ်လို့ရအောင် လုပ်ထားတာလားဆိုတာ စဉ်းစားစရာပါပဲ။ တချို့ ပက်စဝေါ့တွေဆို ဝန်ထမ်းတွေ ဝင်ရောက်အသုံးပြုထားကြတာကို 
စစ်ဆေးတွေ့ရှိရပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီလောက်ကမှ ဒီ ပြဿနာကို စတင်ဖြေရှင်းဖို့ လေ့လာနေုတုန်းလို့ ဆိုပါတယ်။

ဖေ့ဘုတ်လ်မှာ ဆိုးရွားတဲ့ ဒေတာဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့ပြီး ဒေတာတွေခိုးယူမှုမှာလည်း ဘာသက်သေခံပစ္စည်းမှ ကျန်ခဲ့တာကို မတွေ့ရတဲ့အတွက် ဒီ ပြဿနာကို သေချာစနစ်တကျကိုင်တွယ်ဖြေရှင်းဖို့ တောင်းဆိုထားပါတယ်။

တကယ်ပဲ သန်းပေါင်း ရာနဲ့ချီရှိနေတဲ့ facebook lite users တွေ သန်းပေါင်း ဆယ်ဂဏာန်းလောက်ရှိနေတဲ့ ဖေ့ဘုတ်လ် users တွေနဲ့ ထောင်ဂဏာန်း လောက်ရှိတဲ့ instagram users တွေရဲ့ ပက်ဝေါ့တွေကို ဒီလိုပဲ မှတ်သားနေတာလားဆိုတာ စဉ်းစားစရာပါ။

ဒါပေမဲ့ အတွင်းလူက ခိုးယူခဲ့ရင်တော့ ဘာသက်သေ အထောက်အထားမှ ကျန်ခဲ့မှာ မဟုတ်ဘူးလို့ ဖေ့ဘုတ်လ်က ပြောပါတယ်။

Krebs ရဲ့ reports အရ 2000 လောက်ရှိတဲ့ အင်ဂျင်နီယာတွေနဲ့ developer တွေက users password တွေကို Plaintext နဲ့အလွယ်မှတ်သားထားကြတယ်လို့ ဆိုထားပါတယ်။

ဒါပေ့မဲ့ ဒီ Plaintext ပေါ်က အချက်အလက်တွေ အခုချိန်ထိ တစ်စွန်းတစ မှ ပျောက်ဆုံးခြင်း မရှိသေးဘူးလို့ ဖေ့ဘုတ်လ်က ပြန်ပြောထားပါတယ်။

ict guide

nga htet

Ref: daily mail

Read times
Rate this item
(0 votes)