ပထမ ဆုံးအကြိမ် အာကာသတွင်းနက်ကြီး (Blackhole) ရဲ့ ပုံရိပ်ထွက်ပေါ် လာနိုင်ချေရှိ

ပထမ ဆုံးအကြိမ် အာကာသတွင်းနက်ကြီး (Blackhole) ရဲ့ ပုံရိပ်ထွက်ပေါ် လာနိုင်ချေရှိ google

ဧပြီ လ ၁၀ရက်နေ့မှာ တကမ္ဘာလုံး က သိပ္ပံပညာစိတ်ဝင်စားသူတွေ စောင့်မျှော်နေကြတဲ့ သတင်းကို ကြေငြာဖို့ ရှိနေပါတယ်။

ဒါကတော့ ပထမ ဆုံးအကြိမ် အာကာသတွင်းနက်ကြီး (Blackhole) ရဲ့ ပုံရိပ်ကို သတင်းထုတ်ပြန်သွားမယ်လို့ Event Horizon Telescope (EHT) မှ သိပ္ပံပညာရှင်အဖွဲ့ က ကြေငြာချက်ထုတ်ပြန် ခဲ့ပါတယ်။ ဒီသတင်းဟာ တကမ္ဘာလုံးရှိ အာကာသ စိတ်ဝင်စားသူတွေ အတွက် စိတ်လှုပ်ရှားဖွယ်ရာ သတင်းတစ်ခု ဖြစ်ပြီး ကျွန်တော်တို့ တခါမှ မမြင်ဘူးသေးတဲ့ တွင်းနက် တစ်ခုရဲ့ ပုံကို တွေ့မြင်ရတော့မှာပဲ ဖြစ်ပါတယ်။

Event Horizon Telescope ဆိုတာ က တော့ တကမ္ဘာလုံး ဒေသ အနှံ့မှာရှိတဲ့ တယ်လီစကုတ်တွေ ကို စုစည်းအသုံးပြုကာ ပိုမိုအားကောင်းအောင် ပြုလုပ်ထားတဲ့ တယ်လီစကုတ် ပရော့ဂျက် တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Event Horizon Telescope က ရရှိတဲ့ ဒေတာ တွေ က ကျွန်တော်တို့ သာမန်မြင်တွေ့နေကြ ပုံရိပ်တွေ တော့ မဟုတ်ပါဘူး။ Hubble Telescope ကဲ့သို့ လူသားတွေ မြင်နိုင်တဲ့ ပုံရိပ်တွေ ကို ရိုက်ယူနိုင်တာမျိုး မဟုတ်ပဲ EHT က ရရှိတဲ့ ဒေတာတွေ ကို စူပါကွန်ပျူတာတွေ အသုံးပြုပြီး ကျွန်တော်တို့ ကြည့်ရှုနိုင်မယ့် ပုံရိပ်ဖြစ်အောင် ပြန်လည် ပြင်ဆင်မှုတွေ ပြုလုပ်ရသေးတာဖြစ်ပါတယ်။ 

Image may contain: night
EHT
က ပထမဆုံး ရိုက်ယူမယ့် အာကာသတွင်းနက်ကြီးက တော့ ကျွန်တော်တို့ ကမ္ဘာတည်ရှိရာ နဂါးငွေ့တန်းဂလက်ဆီ ရဲ့ အလယ်ဗဟိုမှာ ရှိတဲ့ Sagittarius A လို့အမည်ပေးထားတဲ့ တွင်းနက်ကြီး ပဲဖြစ်ပါတယ်။ ကမ္ဘာကနေ အလင်းနှစ်ပေါင်း ၂၆၀၀၀ အကွာမှာတည်ရှိပြီး လက်ရှိမှာ သူ့ရဲ့ ဒြပ်ထု က နေပေါင်း ၄ သန်းခန့် ဒြပ်ထု နဲ့ ညီမျှတယ်လို့ လက်ခံထားကြပါတယ်။

အာကာသတွင်းနက်ကြီး တွေ ဆိုတာကတော့ နေရာ သေးသေးလေး မှာ ဒြပ်ထု များစွာ ဖိသိပ်ထည့်ထားတဲ့နေရာ တွေ ဖြစ်ပြီး ဆွဲငင်အား အလွန်များပြားတဲ့အတွက်ကြောင့် အလင်းရောင် တောင် လွတ်ထွက်မသွားနိုင်တဲ့ အာကာသတွင်းရှိ နေရာတွေ ပဲဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့ မြင်တွေ့ရမယ့် တွင်းနက်ကြီးရဲ့ ပုံရိပ်ဟာ လဲ အမှန်တကယ် တွင်းနက်ကြီးကို တိုက်ရိုက်မြင်တွေ့နိုင်မှာမဟုတ်ပဲ Event Horizon ခေါ် တွင်းနက်ကြီးရဲ့ ပတ်လည်မှာရှိတဲ့ ဧရိယာ ကိုပဲ မြင်တွေ့နိုင်မှာပါ။ အဆိုပါ ဧရိယာ မှာတော့ တွင်းနက်ကြီးကို လှည့်ပတ်နေတဲ့ ဒြပ်သားထုတွေ တည်ရှိတာဖြစ်ပြီး အလွန်လျှင်မြန်တဲ့ အရှိန်နဲ့ လှည့်ပတ်နေတာကြောင့် အဆိုပါ ဒြပ်သားထုတွေ ရဲ့ အပူချိန်ဟာ အလွန်မြင့်မားပါတယ်။ EHT ရဲ့ ပုံရိပ်တွေဟာ အဆိုပါ အပူချိန်ကြောင့် မြင်တွေ့ရမယ့် ဒြပ်သားထုတွေ ဖြစ်မှာပါ။ ထိုမှ တဆင့် သူ့ရဲ့ အတွင်းပိုင်းရှိ တွင်းနက်ရဲ့ အရိပ်ကို မြင်တွေ့ရမယ် လို့ မျှော်လင့်ထားကြတာဖြစ်ပါတယ်။

Read more:  ဖုန်းမှာ data တွေ နေရာလွတ် မရှိအောင် များနေရင် ဒီနည်းကို သုံးပါ

ယခုလို ပထမဆုံး တွင်းနက်တစ်ခု ရဲ့ ပုံရိပ်ကို ဖမ်းယူနိုင်တယ်ဆိုတာ ခေတ်သစ် အာကာသသိပ္ပံပညာရပ် ရဲ့ မှတ်တိုင်တစ်ခု ဖြစ်လာမှာပါ။ အဆိုပါ ပုံရိပ်ကို အသုံးပြုပြီး တွင်းနက်ကြီးတွေ ရဲ့ အကြောင်းကို ပိုမိုသိရှိလာနိုင်တဲ့ အပြင် အိုင်းစတိုင်းရဲ့ ဆွဲငင်အားသီအိုရီ ကို လဲ ထပ်မံသက်သေပြ နိုင်မှာပဲဖြစ်ပါတယ်။ တခုရှိတာ က EHT မှ သိပ္ပံပညာရှင်တွေ က သတင်းထုတ်ပြန်မယ်လို့ ပြောထားပေမယ့် ဘယ်အရာကို ထုတ်ပြန်မယ်ဆိုတာ သေချာ မပြောထားသေးပါဘူး။ ဒီအတွက်ကြောင့် အားလုံးမျှော်လင့်ထားသလို အာကာသတွင်းနက်ရဲ့ ပုံရိပ်မဟုတ်ပဲ အခြား သတင်းတခုခု လဲဖြစ်နေနိုင်ပါသေးတယ်။ ဘယ်လိုဖြစ်ဖြစ် ကျွန်တော်တို့ အာကာသ အကြောင်း စိတ်ဝင်စားသူတွေ က တော့ EHT ရဲ့ သတင်းစာရှင်းလင်းပွဲကို စောင့်မျှော်နေကြပါပြီ။

Source: MASES

 

 

Read times
Rate this item
(0 votes)