သုံးစွဲသူတွေရဲ့အချက်အလက်တွေကို အလိုအလျောက်ဖျက်ပေးမယ့် Feature ကိုထည့်သွင်းလိုက်တဲ့ Google

သုံးစွဲသူတွေရဲ့အချက်အလက်တွေကို အလိုအလျောက်ဖျက်ပေးမယ့် Feature ကိုထည့်သွင်းလိုက်တဲ့ Google google.com

Google ဟာသုံးစွဲသူတွေရဲ့ Location History တွေနဲ့ User Data တွေကို အလိုအလျောက်ဖျက်ပေးတဲ့

Feature အသစ်တစ်ခုကို ထည့်သွင်းလိုက်ပါတယ်။

 

အရင်က Google ဟာ သုံးစွဲသူတွေရဲ့အချက်အလက်တွေကို အသေးစိတ် မှတ်တမ်းတင်ထားလေ့ရှိပြီး ဒါတွေကို သုံးစွဲသူတွေဘက်က ဖျက်ပစ်ချင်ရင်တော့ အနည်းငယ်ခက်ခဲပါတယ်။

 

အခုထည့်သွင်းလိုက်တဲ့ Feature အသစ်မှာတော့ သုံးစွဲသူတွေရဲ့ ဒေတာတွေကို ၃လ နဲ့ ၁၈လ ထိန်းသိမ်းထားပေးနိုင်တဲ့ ရွေးချယ်မှု နှစ်ခုကို အသုံးပြုနိုင်မှာဖြစ်ပြီးတော့ အဲ့ကာလထက်ကျော်လွန်သွားတဲ့ ဒေတာအချက်အလက်တွေကို Google ဘက်ကနေ အလိုအလျောက်ဖျက်ပေးသွားမယ်လို့သိရပါတယ်။

 

 

Pk (Myanmar ICT Guide)

Ref : dailymail

 

Read 144 times
Rate this item
(1 Vote)