Game of Thrones ဇာတ်လမ်းကြောင့် ဒေါ်လာ ၂.၃ သန်းလောက်အမြတ်ထွက်ခဲ့တဲ့ Starbucks

Game of Thrones ဇာတ်လမ်းကြောင့် ဒေါ်လာ ၂.၃ သန်းလောက်အမြတ်ထွက်ခဲ့တဲ့ Starbucks Facebook

Starbucks ရဲ့ကော်ဖီခွက်တစ်ခွက်က အမှတ်မထင်မတော်တဆအဖြစ် Game of Thrones ဇာတ်လမ်းရဲ့

ဇာတ်ဝင်ခန်းတစ်ခုမှာပါဝင်ခဲ့ပြီးနောက် Starbucks အနေနဲ့ ပိုမိုလူသိများထင်ရှားခဲ့ရပြီပဲဖြစ်ပါတယ်။

 

အဆိုပါ မတော်တဆအနေနဲ့ပါဝင်တဲ့ကော်ဖီခွက်ရဲ့ ဇာတ်ဝင်ခန်းကိုအမြင်စူးရှတဲ့ ကြည့်ရှုသူတစ်ယောက်က တင်္နဂနွေ နေ့ကမြင်တွေ့ခဲ့တာဖြစ်ပြီး social media platform တော်တော်များများမှာဂယက်ထစေခဲ့တာဖြစ်ပါတယ်။

 

ဒါကြောင့် Starbucks အနေနဲ့ ကုန်ကျစရိတ် ဒေါ်လာ ၂.၃ သန်းလောက်တန်ဖိုးရှိတဲ့ ကြော်ငြာတစ်ခုကိုဖရီးရ လိုက်သလိုပါပဲလို့ တော်တော်များများက မှတ်ချက်ပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

အဆိုပါကိစ္စနဲ့ပက်သတ်လို့ Starbucks ကမှတ်ချက်ပေးခဲ့တာမျိုးမရှိသလို HBO အနေနဲ့လည်း အဆိုပါဇာတ်ဝင်ခန်းကို အင်္ဂါနေ့က edit ပြန်လုပ်ခဲ့တယ်လို့သိရပါတယ်။

 

Read More : လ ကိုအလွယ်တကူ ဓာတ်ပုံရိုက်နိုင်တော့မယ့် Mi 9 SE

Cnbc.com

Myanmar ICT Guide

Read times
Rate this item
(2 votes)