Facebook ရဲ့ Sugar Daddy ဖြစ်လာတဲ့ Instagram

Facebook ရဲ့ Sugar Daddy ဖြစ်လာတဲ့ Instagram google.com

၂၀၁၉ ရဲ့ပထမသုံးလပတ် ဝင်ငွေတိုးတက်မှုတွင် အမေရိကန်ဒေါ်လာ ၅၂၁ ဘီလီယံတန်ဖိုးရှိသည့်

Social Network’s Image-sharing Unit ဖြင့် ထိပ်တန်းကုမ္ပဏီတွေထဲမှာ Instagram က အဓိကနေရာ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

 

ထိုသို့ဖြစ်ရခြင်းဟာ အသုံးပြုသူများတွင် ပြသသည့် Newsfeeds တွင် ကြော်ငြာရောင်းချခြင်းဖြင့် ငွေအဓိကဝင်နေသော အရာဖြစ်လာပြီး၊ Instagram ဖြင့် ချိတ်ဆက်ထားသော စီးပွားရေး Post တွေကြောင့် Facebook ဟာ ပထမသုံးလပတ်အတွင်း ဝင်ငွေသည် ၂၆ ရာခိုင်နှုန်းတက်လာပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၁ သန်းဝင်ငွေ ရရှိခဲ့ပါတယ်။

 

ထိုရရှိလာတဲ့ ဝင်ငွေပမာဏအတွက်ကြောင့် Facebook တည်ထောင်သူ Mark Zuckerberg က Instagram ကို ကျေးဇူးတင်ခဲ့ပြီး လတ်တလောမှာ ကြော်ငြာလုပ်ငန်း အသီးသီးအတွက် Checkout Button ကို Application ထဲမှာထည့်သွင်းသွားမှာ ဖြစ်သလို ၂၄ နာရီအတွင်း ပျောက်သွားသည့် Stories ခေါ် ဓာတ်ပုံနှင့် ဗီဒီယိုများသည်လည်း ကြော်ငြာလုပ်ငန်းရှင်များကို ဆွဲဆောင်ထားနေပါတယ်။

 

ထို့ကြောင့်ပဲ ၂ဝ၁၉ ခုနှစ်တွင်ရရှိလာမည့် Facebook ၏ ဝင်ငွေများအနက် ၅ဝ ရာခိုင်နှုန်းဟာ Instagram ကနေ ရရှိမှာဖြစ်တယ်လို့ KeyBanc Capital Market ရဲ့စစ်တမ်းအရ သိရပါတယ်။

 

Instagram ဟာ နောက်လာမယ့်မျိုးဆက်သစ်များကိုပါ အသုံးပြုလာအောင် ထိထိရောက်ရောက် ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

Shinn Khant (Myanmar ICT Guide)

Ref: mmbiztoday

Read times
Rate this item
(1 Vote)