သိန်း ၆၀၀၀ ကျော်တန် Iron Man စတိုင်ဝတ်စုံ

သိန်း ၆၀၀၀ ကျော်တန် Iron Man စတိုင်ဝတ်စုံ google.com

Iron Man စတိုင် ဝတ်စုံကို ဗြိတိန် လူမျိုး Richard Browning က ဖန်တီးထားပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့

မသေးပါဘူး။ ဒေါ်လာ ၄၄၆ ၀၀၀ တောင် ရှိတဲ့အတွက် မြန်မာငွေ သိန်း ၆ ထောင်ကျော်ပါတယ်။

 

ဝတ်စုံမှာ ဂျက်အင်ဂျင် ငါးလုံး ပါပါတယ်။ 3D Printing နည်းပညာဖြင့် သူ့ကို ဖန်တီးထားပါတယ်။ လောင်စာဆီ အခြေအနေကို ပြသပေးတဲ့ Head-Up Display တစ်ခုလည်း ပါပါတယ်။ Richard Browning ဟာ ဒီဝတ်စုံကို တီထွင်နေတဲ့ အကြောင်း ယခင်နှစ်များကတည်းက သတင်းများမှာ ဖော်ပြခဲ့ကြတာ ဖြစ်ပါ တယ်။ အဲဒီ အချိန်က ဝတ်စုံထက် ယခု ဝတ်စုံမှာ အဆင့်မြှင့်ထားမှုများစွာ ပါလာတယ်လို့ တီထွင်သူက ပြောပါတယ်။

 

သူက " ၂၀၁၇ ခုနှစ်ကတည်းက စပြီး ဝတ်စုံကို များစွာ အဆင့်မြှင့်တင်ထားပါတယ်။ စမ်းသပ်ပျံသန်းမှုများစွာကနေလည်း လိုအပ်နေသေးတာတွေကို လေ့လာခဲ့ရပါတယ်။ အနောက်ဘက်မှ အင်ဂျင် နှစ်လုံးကို အရွယ်ကြီး တစ်လုံးထဲ အဖြစ် ပေါင်းစပ်ခဲ့ရပါတယ်။ အရွယ်ကျစ်လစ်ပြီး စွမ်းရည် ပိုမိုမြင့်မားအောင်လည်း ပြုလုပ်ခဲ့ရပါတယ်။ တည်ငြိမ်မှုအားကောင်းလာအောင်လည်း ပြင်ဆင်ခဲ့ရပါတယ် " လို့ ရှင်းပြပါတယ်။

 

ဒီဝတ်စုံနဲ့ ပျံသန်းဖို့အတွက်လည်း လိုင်စင်များ မလိုအပ်ဘူးလို့ တီထွင်သူက ပြောပါတယ်။ ဝတ်စုံဝတ်ပြီး ပျံသန်းဖို့အတွက် မိနစ် အနည်းငယ် လေ့ကျင့်သင်ကြားရုံနဲ့ အဆင်ပြေပါတယ်။ တီထွင်သူက " လူတစ်ဦးကို ငါးမိနစ်လေ့ကျင့်ပေးလိုက်တာနဲ့ တတ်ပါတယ်။ သူ့ကို အသုံးပြုဖို့ ကိုယ်လက် ကြံ့ခိုင်ဖို့တော့ လိုအပ်ပါတယ်။ ဒါပေမယ့် စူပါမင်း ဖြစ်စရာတော့ မလိုပါဘူး " လို့ ပြောပါတယ်။

 

 

Read More : လ ကိုအလွယ်တကူ ဓာတ်ပုံရိုက်နိုင်တော့မယ့် Mi 9 SE

Digital Times

Myanmar ICT Guide

Read 160 times
Rate this item
(2 votes)