နည်းပညာကုမ္ပဏီကြီးတွေက သင့်ရဲ့အကြောင်းကိုဘယ်လောက်သိသလဲ

နည်းပညာကုမ္ပဏီကြီးတွေက သင့်ရဲ့အကြောင်းကိုဘယ်လောက်သိသလဲ google.com

ယနေ့ခေတ်မှာ နည်းပညာဆိုတဲ့အရာဟာ လူတွေအားလုံးရဲ့ဘဝမှာ အကျယ်တဝင့်နေရာယူထားတာကို ကောင်းကောင်းကြီးတွေ့မြင်နိုင်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဒီလိုနည်းပညာနဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေက အသုံးပြုသူတွေရဲ့ အချက်အလက်တွေပေါက်ကြားတာ၊ ရောင်းချတာ ကိုလည်းမကြာခဏဆိုသလို ကြားနေတွေ့နေရပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့တွေ စဉ်းစားကောင်းစဉ်းစားမိပါလိမ့်မယ် - ဒီလိုပေါက်ကြားနေတဲ့အချက်အလက် တွေထဲက ကိုယ့်ရဲ့ဘယ်အချက်တွေကို သူတို့တွေက သိနေလဲ။

 

ပြောရမယ်ဆိုရင်တော့ အကုန်လုံးနီးပါးပါပဲ။ Privacy ပေါ်လစီတွေနဲ့ပတ်သက်လို့ ဆိုက်ဘာလုံခြုံရေး Security Baron အဖွဲ့က ကမ္ဘာ့ဒိတ်ဒိတ်ကြဲနည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Facebook Google Apple Twitter Amazon နဲ့ Microsoft တို့ကိုလေ့လာစူးစမ်းခဲ့ပြီး infographic တစ်ခုနဲ့အောက်ပါပုံအတိုင်း မှတ်ချက်ပြုခဲ့ပါတယ်။

 

ပုံကိုကြည့်ခြင်းအားဖြင့် ကိုယ်ကိုယ်တိုင်တောင် သတိမထားမိပဲ ကိုယ့်ရဲ့အချက်အလက်တွေသုံးယူခံနေရတာကို တွေ့မြင်နိုင်ပါတယ်။ ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ Facebook ကတော့ ဒီစာရင်းထဲမှာအဆိုးဆုံးလို့ပြောရမလို ပါပဲ။ ကိုယ်နဲ့ပတ်သက်တဲ့ အလုပ်အကိုင်၊ ဝင်ငွေ level ၊ လူမျိုး ၊ ဘာသာ၊ နိုင်ငံရေးအမြင် ၊ ကိုယ်ကြိုက်နှစ်သက်တဲ့အကြောင်းအရာတွေ ကြော်ငြာတွေ၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ တည်နေရာ၊ ကိုယ်သုံးတဲ့ ဖုန်းအမျိုးအစား စတဲ့အချက်အလက်တွေဟာသူတို့ဆီမှာရှိပါတယ်။

 

2 

 

YANGON LIFE

Myanmar ICT Guide

Read times
Rate this item
(1 Vote)