5G နည်းပညာမူပိုင်ခွင့် အများဆုံးရယူထားနိုင်တဲ့ Huawei

5G နည်းပညာမူပိုင်ခွင့် အများဆုံးရယူထားနိုင်တဲ့ Huawei google.com
နည်းပညာမူပိုင်ခွင့်အချက်အလက်များနှင့်ပတ်သက်ပြီး တရားဝင်လုပ်ဆောင်နေတဲ့ IPlytics ရဲ့
ကြေညာချက်အရ 5G နည်းပညာမူပိုင်ခွင့်စာရင်းကို တရုတ်ကုမ္ပဏီများက လွှမ်းမိုးထားကြောင်းသိရပါတယ်။
 
5G နည်းပညာမူပိုင်ခွင့်အများဆုံး ရယူထားတဲ့ ကုမ္ပဏီကတော့ Huawei ဖြစ်ပြီး 5G နည်းပညာအားလုံးရဲ့ 15 ရာခိုင်နှုန်းအထိ လွှမ်းမိုးထားနိုင်ပါတယ်။ တရုတ်ကုမ္ပဏီများဟာတစ်ကမ္ဘာလုံးမှ 5G နည်းပညာမူပိုင်ခွင့်အားလုံးရဲ့ 34 ရာခိုင်နှုန်းအထိ ရယူထားပါတယ်။
 
Huawei ဟာ 5G နည်းပညာပေါင်း 1554 ခုတို့ကို ပိုင်ဆိုင်ထားပြီး ထိပ်ဆုံးကဦးဆောင်နေတာဖြစ်ပြီး Nokia က 1427 ဖြင့် ဒုတိယနေရာမှာလိုက်နေကာ Samsung က 1316 ဖြင့် တတိယနေရာမှာ ရပ်တည်နေပါတယ်။ ၎င်းတို့ရဲ့နောက်မှာ LG က 1274 ၊ ZTE က 1208 ၊ Qualcomm က 846၊ Ercsson က 819 အသီးသီး ရယူထားပါတယ်။
 
NetGuide Journal
Read times
Rate this item
(1 Vote)