စည်းကမ်းမလိုက်နာတဲ့ အသုံးပြုသူတွေကို Live လွှင့်ခွင့်ပိတ်မယ်ဆိုတဲ့ Facebook

စည်းကမ်းမလိုက်နာတဲ့ အသုံးပြုသူတွေကို Live လွှင့်ခွင့်ပိတ်မယ်ဆိုတဲ့ Facebook google.com
Facebook မှာ လူသတ်မှုများ၊ ကိုယ့်ကိုယ်ကိုသတ်သေမှုများ ၊ အကြမ်းဖက်မှုများကို Live လွှင့်တဲ့ဖြစ်ရပ်များဖြစ်ပွားခဲ့ပါတယ်။
 
မကြာခင်ကလည်းနယူးဇီလန်မှ အကြမ်းဖက်တိုက်ခိုက်မှုကို Live လွှင့်သွားခဲ့ပြီး နောက်မှာ Facebook အား နိုင်ငံများစွာမှ အာဏာပိုင်များက ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။ အခုတော့ Facebook က စည်းကမ်းမလိုက်နာသူများ အား Live လွှင့်ခွင့် ပိတ်ပင်မယ်လို့ ကြေညာလိုက်ပါတယ်။ ဥပမာအားဖြင့် အကြမ်းဖက်အဖွဲ့အစည်းများရဲ့ ဗီဒီယိုများ၊ လင့်များကိုမျှဝေနေသူများအားပိတ်ပင်မှာ ဖြစ်ပါတယ်။ တစ်လလောက်အထိ Live လွှင့်ခွင့် ပိတ်ပင်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။
 
နယူးဇီလန်မှ တိုက်ခိုက်မှုအပြီးမှာ ကမ္ဘာ့ခေါင်းဆောင်များစွာကသူတို့ရဲ့ ပလက်ဖောင်းများမှာ အကြမ်းဖက်မှုနဲ့ပတ်သက် တဲ့ ပို့စ်များကိုတင်နေခြင်းအားတားဆီးရန် ပိုမိုတာဝန်ယူဖို့ လူမှုကွန်ရက် ကုမ္ပဏီများအား တောင်းဆိုလိုက်ပါတယ်။ နယူး ဇီလန်မှ တိုက်ခိုက်မှုမှာ လူပေါင်း 50 သေဆုံးခဲ့ပြီး အဲဒီဗီဒီယိုကို ကြည့်ရှုတဲ့ အကြိမ်အရေအတွက်ဟာ 4000 ကျော်ရှိခဲ့ပါ တယ်။ ကုမ္ပဏီက 24 နာရီအတွင်းမှာ အဲဒီဗီဒီယိုရဲ့ ကော်ပီ ပေါင်း 1.2 သန်းကို Upload ပြုလုပ်တာကိုတားဆီးနိုင်ခဲ့ပြီး လူမှုကွန်ရက်ပေါ်ရောက်နေပြီးသား ဗီဒီယို 300,000 ကို ဖျက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
 
ပြင်သစ် မူစလင်အဖွဲ့အစည်းတစ်ခုက သူ့ရဲ့လူမှုကွန်ရက်မှာအဲဒီဗီဒီယိုကို တင်ခွင့်ပြုခဲ့တဲ့ Facebook နဲ့ YouTube ကို တရားစွဲထားပါတယ်။ အခြားနည်းပညာကုမ္ပဏီများကလည်း သူတို့ရဲ့ ပလက်ဖောင်းများမှာ အဲဒီဗီဒီယိုမျှဝေတာကို တား ဆီးခဲ့ကြပါတယ်။ Reddit ကလည်း အဲဒီဗီဒီယိုကို မျှဝေခဲ့တဲ့ ဖိုရမ်တစ်ခုဖြစ်တဲ့ “watchpeopledie” ကို ဖျက်သိမ်းခဲ့ပါ တယ်။ Steam Gaming Network ကို တည်ထောင်ထားတဲ့ Valve ကလည်း အဲဒီအကြမ်းဖက်မှုကို ထောက်ခံအား ပေးတဲ့ အကောင့်ပေါင်း 100 ကျော်ကို ပိတ်သိမ်းခဲ့ပါတယ်။
 
NetGuide Journal
Read 68 times
Rate this item
(1 Vote)