တရုတ်မှာ Game Of Throne ကို ပြသခွင့် ပိတ်ပင်

အခုလက်ရှိဖြစ်ပွားနေတဲ့ အမေရိကန် နဲ့ တရုတ် ကြားက ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်မှာ
Game Of Throne ကိုပြသခွင့် ပိတ်ပင်လိုက်တယ်လို့ ဆိုပါတယ်။ ဒီ စီးရီး ကို လွန်ခဲ့တဲ့ ၈နှစ်တည်းက တရုတ်မှာ ပြသနေတာဖြစ်ပြီးတော့ ပရိတ်သတ်အခိုင်အမာရထားတဲ့ စီးရီး တစ်ခုဖြစ်ပါတယ်။
 
များပြားလှတဲ့ ပရိသတ်တွေမှ GOT ကို Quanli de Youxi ဆိုပြီးတရုတ်လိုခေါ်ဝေါ်နေကြတာပါ။ စီးရီးအမည်သာမကပဲ သူတို့ ကြိုက်နှစ်သက်တဲ့ ဇာတ်ကောင်တွေကိုလည်း Jon Snow ကို Jiongnuo , Tyrion Lannister ကို xiao emo အစရှိသဖြင့် နာမည်ပေးထားတာပဲ ဖြစ်ပါတယ်။ 
 
လွန်ခဲ့တဲ့ တနလာင်္နေ့မှာ ထုတ်လွှင့်မှုပြဿနာကြောင့် ပြချိန်နောက်ကျသွားတယ်ဆိုပြီး တရုတ်ရဲ့ နာမည်ကျော် Streaming Platform " Tencent " က ကြေညာလိုက်ပေမယ့်လည်း ပရိသတ်တော်တော်များများက စိတ်ဆိုးခဲ့ကြပါတယ်။ ပရိတ်သတ်တွေဟာ ဒီ စီးရီးကို အလွန်ကြိုက်နှစ်သက်လို့ အလုပ်ဖျက်ပြီးကြည့်တဲ့သူတွေတောင်ရှိတယ်လို့ဆိုပါတယ်။
 
HBO ဘက်ကထုတ်ပြန်တဲ့ သတင်းအရ ဒီစီးရီးထုတ်လွှင့်ပြသချိန်မှာ ဘာပြဿနာမှ မရှိခဲ့ဘူးလို့ဆိုပါတယ်။ ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်အစိုးရက Tencent ကို ညွှန်ကြားချက်ပေးခဲ့လို့ ပြသမှုမှာ ပြဿနာရှိတာဆိုပြီးလည်း သတင်းတွေထွက်နေပါသေးတယ်။ ဒီ စီးရီးကို ကြည့်ရှုသူအလွန်ကိုများပြီးတော့ တရုတ်သမ္မတကတောင် အစည်းအဝေးတစ်ခုမှာ GOT စီးရီးအကြောင်း ကိုးကားပြောဆိုမှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။
 
ဒီစီးရီးကို Tencent ကနေကြည့်ရှုသူပေါင်း သန်း ၅၅၀ ကျော် ရှိခဲ့ပါတယ်ဆိုပြီးလည်း The Wall Street Journal ကဖော်ပြထားပါတယ်။
 
The Guardian
Read times
Rate this item
(1 Vote)