June လမှာ ပြုလုပ်မယ့် Apple Event မှာ ဘာတွေပါဝင်လာမလဲ ?

Apple ဟာ တစ်နှစ်မှာ ပျှမ်းမျှ ၄ ကြိမ်လောက် ကြီးမားတဲ့ကြေငြာချက် တစ်နည်းအားဖြင့် ပြပွဲတွေကို ပြုလုပ်လေ့ရှိပါတယ်။
 
- မတ်လ (သို့) နွေရာသီ (ပညာရေးနှင့် ဖန်တီးမှုအသစ်အဆန်း တွေကိုချပြတတ်ပါတယ်၊ တစ်ခါတစ်လေ iPad တွေလည်း ပါဝင်ပါတယ်)
- ဇွန်လ (WWDC – များသောအားဖြင့် ဆော့ဖ်ဝဲလ်၊ တစ်ခါတစ်ရံ တန်ဖိုးကြီးတဲ့ စက်ပစ္စည်း (Hardware)တွေကို ချပြတတ်ပါတယ်)
- စက်တင်ဘာလ (iPhone & Apple Watches)
- အောက်တိုဘာလ (iPad နှင့် သုံးစွဲသူအကြိုက် Macs များ)
 
အခုတော့ လာမယ့်ဇွန်လမှာ ပြုလုပ်မယ့် ပြပွဲအကြောင်းကိုပဲ အဓိကထားပြီး ပြောသွားပါမယ်။
 
WWDC 2019 (3-7 June 2019)
 
WWDC ဟာ Worldwide Developers Conference ရဲ့အတိုကောက်ဖြစ်ပြီး ကမ္ဘာအနှံ့မှာရှိတဲ့ Developer တွေ တွေ့ဆုံဆွေးနွေးပြီး Products တွေကို ချပြတဲ့ပွဲလို့ ယူဆလို့ရပါတယ်။ ဒီပြပွဲကိုတော့ ဇွန်လ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ San Jose Convention Centre မှာကျင်းပ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပြပွဲမှာ Apple ဟာ အသစ်ထွက်ရှိလာမယ့် Operating System ဖြစ်တဲ့ iOS 13, macOS, tvOS, watchOS ဗားရှင်းအသစ်များနှင့် new Macs ရဲ့ပုံစံကိုလည်း မိတ်ဆက်သွားနိုင်တယ်လို့ ယူဆရပါတယ်။
 
Mac Pro
 
Apple ဟာ Mac Pro နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို WWDC 2019 ပွဲမှာ ဖော်ပြသွားနိုင်ပေမယ့် ဒီလို Sample Unit တစ်ခုနဲ့ ပြသခဲ့တယ်ဆိုရင်တောင် ဒီပြပွဲပြီးတာနဲ့ Mac Pro ကို ဝယ်ယူလို့ရဦးမှာ မဟုတ်တာတော့ အသေအချာပါပဲ။
 
New Apple Display
 
တကယ်လို့သာ Apple က New Mac Pro ကိုမိတ်ဆက်ခဲ့မယ်ဆိုရင် Display အသစ်ကိုပါ တွဲမြင်ရဖို့များပါတယ်။ ဒါပေမယ့်လည်း Apple အနေနဲ့ 2019 September လောက်မှာ လုပ်မယ့် ပြပွဲမှ မိတ်ဆက်လာမလားလို့ စိုးရိမ်စရာတစ်ခုတော့ ရှိပါတယ်။
 
iMac Pro Update
 
Apple အနေနဲ့ iMac Pro မျိုးဆက်သစ်ကို ထုတ်ဖော်ပြသဖို့အတွက်ဆိုရင် WWDC 2019 က သိပ်ကိုကောင်းတဲ့ အခွင့်လမ်းတစ်ခုပါပဲ။ လတ်တလော သတင်းတွေအနေနဲ့ မတ်လ ၁၉ ရက်နေ့က ပေါက်ကြားခဲ့တဲ့ Radeon Pro Vega 64X Graphic နဲ့ 256GB RAM Support တို့ကတော့ iMac Pro မှာပါဝင်လာမယ့် Specs တွေလို့ ယူဆရမှာပါ။
 
MacBook
 
Apple ဟာ MacBook ကို ၂၀၁၈ ခုနှစ် ကတည်းက Update ပြုလုပ်ခြင်း ရပ်ဆိုင်းခဲ့ပြီး ဒီပြပွဲမှာ ပါလာမလားတော့ ရင်ခုန်မိပါတယ်။ MacBook Air ကို ၂၀၁၈ ခုနှစ်မှာ ဒီဇိုင်းပိုင်းပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ အဲ့ဒီပြင်ဆင်မှုနဲ့ ကိုက်ညီတဲ့ ပြောင်းလဲမှု အကြီးစားတွေနဲ့ အရွယ်အစား အနည်းငယ် သေးငယ်သွားမယ်လို့ ယူဆရတဲ့ MacBook တို့ကို တွေ့မြင်နိုင်ပါတယ်။
 
MacBook Pro
 
ဒီနှစ်ထဲမှာ Apple ကနေပြီး ၁၆ လက်မ နဲ့ 4K Resolution ရှိတဲ့ MacBook Pro ကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။
 
Mini Apple TV
 
Apple က မကြာသေးခင်က Apple TV+ subscription service ကို အကောင်အထည်ဖော်ခဲ့ပြီး အဲ့ဒီ service အသုံးပြုဖို့အတွက် အရွယ်အစားပိုသေးငယ်ပြီး တန်ဖိုးနည်းတဲ့ Apple TV (Mini) တစ်လုံးထွက်လာနိုင်တယ်လို့ ယူဆရပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ Apple ဟာ TV ထုတ်လုပ်တဲ့ကုမ္ပဏီ အများစုမှာ AirPlay 2 service ကို အသုံးပြုနိုင်ဖို့အတွက် သဘောတူညီမှု ရထားပြီလို့ သိရပြီး အကောင်အထည်ဖော်ဖြစ်ခဲ့မယ်ဆိုရင်တော့ Apple ရဲ့အကြောင်းအရာတွေကို သိရှိနိုင်ဖို့ Apple TV သုံးစရာမလိုတော့ဘူးဆိုတဲ့ သဘောပါပဲ။
 
New HomePod and HomePod Mini
 
Apple ဟာ HomePod အသစ်ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့သိရပြီး ၂၀၁၉ ခုနှစ်မှာတော့ HomePod Mini ကိုပါ ချပြသွားနိုင်တယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒါဟာ Apple အတွက် Smart Speaker ဈေးကွက်ထဲမှာ နေရာရနိုင်ဖို့အတွက် ခြေလှမ်းတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။
 
Over-ear Headphone
 
Apple ဟာ AirPods 1 နဲ့ 2 တို့ကို ထုတ်လုပ်ခဲ့ပေမယ့် AirPods လိုနားထဲဝင်နေတာမဟုတ်တဲ့ Over-ear headphone ကိုလည်း ထုတ်လုပ်သွားဖို့ရှိတယ်လို့ ကောလဟာလ တွေကြားနေရပြီး ဒါဟာ Gaming ဈေးကွက်ကို ဦးတည်တယ်လို့ ယူဆလို့ရပါတယ်။
 
iPhone SE2
 
iPhone XR, XS, XS Max တို့ကို ထုတ်လုပ်ပြီးတဲ့နောက်မှာ Apple ဟာ SE Generation ကို ရပ်နားလိုက်ပြီလား လို့မေးခွန်းထုတ်စရာရှိပါတယ်။ တကယ်တော့ SE ကလည်း iPhone တွေအားလုံးထဲမှာ အရွယ်အစားအသေးဆုံးနဲ့ ဈေးအသက်သာဆုံး ဖြစ်နေပြီး လူကြိုက်များတဲ့ ဖုန်းတစ်လုံးပါပဲ။ SE ထက် ဈေးအနည်းငယ်များပြီး အရွယ်အစားအနည်းငယ်ကြီးတဲ့ XR က SE ရဲ့နေရာကို အစားမထိုးနိုင်တာ အားလုံးအသိပါပဲ။
 
ဘယ်လိုပဲဖြစ်ဖြစ် Apple ကတော့ အရွယ်အစားသေးငယ်တဲ့ ဖုန်းကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ၄ လက်မ Screen Size ရှိတဲ့ ဖုန်းတစ်လုံးကို iPhone 7 Processor နဲ့ ထုတ်လုပ်မယ်လို့ သတင်းတွေထွက်နေပြီး SE2 ဖြစ်လာမယ်လို့ ယူဆရပါတယ်။
 
Nyi Min Khant
iOS Banker Myanmar
 
 
Read times
Rate this item
(1 Vote)