နောက်ဆက်တွဲဆိုးကျိုးများခံရမယ်လို့ အမေရိကန်နည်းပညာကုမ္ပဏီများအား တရုတ်အစိုးရသတိပေး

နောက်ဆက်တွဲဆိုးကျိုးများခံရမယ်လို့ အမေရိကန်နည်းပညာကုမ္ပဏီများအား တရုတ်အစိုးရသတိပေး google.com
အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း ဟွာဝေးနဲ့ လက်တွဲဖြုတ်ခဲ့တဲ့ အမေရိကန် နည်းပညာ ကုမ္ပဏီများအား
နောက်ဆက်တွဲဆိုးကျိုးများရမယ်လို့ တရုတ်အစိုးရက သတိပေးလိုက်တယ်လို့ The New York Times က ရေးသားထားပါတယ်။ တရုတ်က မကြာခင်ကလည်း လက်တုန့်ပြန်တဲ့ အနေနဲ့ Blacklist တစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ်။
 
China’s National Development and Reform Commission, the Ministry of Commerce , Ministry of Industry and Information Technology တို့ရဲ့ အစည်းအဝေးများ အပြီးမှာ ယခုလို သတိပေးလိုက်တာ ဖြစ်တယ်လို့ The New York Times က ပြောပါတယ်။ ဒါ့အပြင် တရုတ်ကို ကုန်ပစ္စည်းတင်ပို့နေတဲ့ ကုမ္ပဏီများနဲ့လည်း တရုတ် အာဏာပိုင်များက တွေ့ဆုံစကားပြောခဲ့တယ်လို့ သိရပါတယ်။ ဘယ်ကုမ္ပဏီတွေလဲဆိုတာကို မသိရသေးပါဘူး။ ကမ္ဘာ့ထိပ်တန်း Semiconductor Company များနဲ့ အခြား နည်းပညာ ကုမ္ပဏီများ ပါဝင်နိုင်ပါတယ်။
 
တရုတ် အာဏာပိုင်များက သူ့နိုင်ငံထဲကို ကုန်ပစ္စည်းတင်ပို့ခွင့် ရပ်နားခံရနိုင်တယ်လို့ အမေရိကန်ကုမ္ပဏီများအား သတိပေးလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်မဟုတ်တဲ့ ကုမ္ပဏီများအားလည်း တရုတ်ကုမ္ပဏီများအား ဆက်လက်ထောက်ပံ့မယ်ဆိုရင်တော့ ဒီလို ဆိုးကျိုးများမရနိုင်ဘူးလို့ တရုတ်အစိုးရက ပြောတယ်လို့ သိရပါတယ်။
 
အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေး စစ်ပွဲကြောင့် ယခုလို အကျိုးဆက်များ ဖြစ်လာတာပါ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ် သမ္မတ ဇီကျင်းပင်တို့ဟာ ဒီလနှောင်းပိုင်းမှာ ဂျပန်မှာ ကျင်းပမယ့် G20 Summit မှာ တွေ့ဆုံမယ်လို့ ထင်ရပါတယ်။
 
Digital Times
Read times
Rate this item
(1 Vote)