ပိတ်ပင်မှုတွေရှိနေပေမယ့် 5G စာချုပ် ၄၆ ခု Huawei ရရှိထား

ပိတ်ပင်မှုတွေရှိနေပေမယ့် 5G စာချုပ် ၄၆ ခု Huawei ရရှိထား google.com
တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei ဟာ နိုင်ငံပေါင်း ၃၀ ကနေ စီးပွားဖြစ် 5G စာချုပ် ၄၆ ခု ရရှိထားတယ်လို့
ပြောခဲ့ပြီး တစ်ကမ္ဘာလုံးမှာ 5G ထုတ်လွှင့်မှုရုံ ၁ သိန်းရှိတယ်လို့ သိရပါတယ်။ Huawei ကို အမေရိကန်က ပိတ်ပင်ထားပေမယ့် 5G ကွန်ရက်အမြန်ဆုံး တည်ဆောက်နိုင်တဲ့ ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်လာပါတယ်။
 
အခြားနိုင်ငံတွေကို တိတ်တဆိတ်ထောက်လှမ်းပြီး ဆက်သွယ်ရေးတွေကို အနှောင့်အယှက်ပေးဖို့ ဘေကျင်းက Huawei ကိုခြယ်လှယ်နေတယ်လို့ အမေရိကန်က ထုတ်ပြန်ခဲ့ပြီး Huawei ဟာ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
 
တရုတ်နိုင်ငံရဲ့ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက 5G ဝန်ဆောင်မှုတွေ စတင်လုပ်ဆောင်ဖို့ နိုင်ငံတော်က ပိုင်ဆိုင်တဲ့ ဆက်သွယ်ရေး ၄ ခုကို စီးပွားဖြစ် 5G လိုင်စင်တွေ ပေးခဲ့ပါတယ်။ အဲဒီကုမ္ပဏီတွေထဲမှာ China Broadcasting Network နဲ့ထိပ်တန်းဆက်သွယ်ရေး ကုမ္ပဏီတွေဖြစ်တဲ့ China Telecom, China Mobile နဲ့ China Unicom တို့ပါဝင်လာပါတယ်။
 
Huawei အနေနဲ့ တရုတ်နိုင်ငံမှာ 5G ကို စီးပွားဖြစ်အသုံးပြုဖို့ အဆင်သင့်ပြင်ထားတယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ကမ္ဘာ့ပထမဆုံး 5G ဖုန်းခေါ်ဆိုမှုနဲ့ ပထမဆုံး 5G terminal ထုတ်ကုန်ကို မိတ်ဆက်ခဲ့ပါတယ်။
 
သြစတြေးလျနဲ့ နယူးဇီလန် အပါအဝင် နိုင်ငံတချို့ 5G မိုဘိုင်းကွန်ရက်တွေအတွက် ပစ္စည်းတွေ ထောက်ပံ့မှုအတွက် Huawei ကိုပိတ်ပင်ထားကြပါတယ်။
 
ဒါပေမဲ့ အမေရိကန်တွေဦးဆောင်တဲ့ အနောက်နိုင်ငံတွေက Huawei အပေါ်အရေးယူတဲ့ လုပ်ရပ်က နည်းပညာစစ်ပွဲစတင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာဈေးကွက်ကနေ ဖယ်ထုတ်ဖို့ ကြိုးစားလာတာဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူကတော့ ပြောထားပါတယ်။
 
Internet Journal
Read times
Rate this item
(1 Vote)