iPhone အစိတ်ပိုင်းတွေကို တရုတ်ပြင်ပမှာ ထုတ်လုပ်တော့မယ့် Apple

iPhone အစိတ်ပိုင်းတွေကို တရုတ်ပြင်ပမှာ ထုတ်လုပ်တော့မယ့် Apple google.com
အမေရိကန်အစိုးရနဲ့ တရုတ်တို့ အားပြိုင်နေတဲ့ ကုန်သွယ်မီးက လျှမ်းလျှမ်းတောက် လောင်ကျွမ်းနေပြီး ပြဿနာကွင်းဆက်ကတော့
နှစ်ဖက်လုံးရဲ့ ကုမ္ပဏီကြီးတွေ အထိနာကုန်တာပါ။ လက်ရှိအချိန်မှာ ဘေကျင်းကို တင်သွင်းနေတဲ့ ထုတ်ကုန်ပစ္စည်းတွေရဲ့ တန်ဖိုး ဒေါ်လာ သန်း ၃၀၀ ဖိုးကို အခွန်တိုးကောက်လိုက်လို့ သွေးရူးတန်းရူးဖြစ်ကုန်တယ်ဆိုရင် မမှားပါဘူး။
 
တရုတ်ဘက်ကတော့ ဘယ်လိုတုံ့ပြန်ထားလဲမသိရပေမယ့် စိုးရိမ်ရေမှတ် ကျော်သွားပြီဖြစ်တဲ့ အခြေနေကြောင့် ပန်းသီးလေး အညှာခြွေချမခံရခင် ထွက်ပြေးပါတော့မယ်။ ဒါကိုတော့ အခြေနေရလို့ ပြောနိုင်ပါတယ်၊ တကယ်လို့ Trade War ကြီးသာ Out of Control ဖြစ်သွားရင် iPhone တွေကို တရုတ်ပြင်ပမှာ ထုတ်လုပ်ဖို့ Partner ကြီးတွေနဲ့ အတူတူလစ်ပါတော့မယ်။
 
အခုလို Contingency Plan ထဲမှာ Cupertino ကုမ္ပဏီတွေနဲ့ Foxconn တို့ ပါဝင်လာမှာဖြစ်ပြီး Apple သာ တရုတ်မဟုတ်လဲ တခြားနေရာမှာ Production လုပ်မယ်ဆိုရင် Full Support ပေးသွားမယ်လို့ ကုမ္ပဏီ အကြီးကဲတွေအားလုံး ကြေညာထားပြီဖြစ်ပါတယ်။
 
ဖြစ်ချင်တော့ တရုတ်မှာထုတ်တဲ့ Chennai (Foxconn အပိုင်) စက်ရုံဟာ ဗန်းပြသဘောမှာ ရှိနေပြီး Test လုပ်ဖို့သာ အသုံးပြုတယ်ဆိုပါတယ်။ တကယ်တမ်းကျ Production Capacity တခုလုံးရဲ့ ၂၅ ရာခိုင်နှုန်းကို အပြင်မှာပဲ ဆောင်ရွက်တာဖြစ်လို့ Apple သာ Trade War ကြောင့် လှုပ်ရှားမယ်ဆိုရင် Respond လုပ်ဖို့ အသင့်ပဲလို့ Foxconn ကုမ္ပဏီရဲ့ Board Nominee and Semiconductor Division အကြီးကဲ Young Liu က ပြောဆိုထားပါတယ်။
 
အခုလို အစီစဉ်တွေ ဆွဲထားကြပြီဆိုမယ့် ကျွမ်းကျင်သူတွေ သုံးသပ်ချက်မှာတော့ တရုတ်မှာမထုတ်တော့ရင် Foxconn အနေနဲ့ အကြီးစား စက်ရုံ ၂ ခု ၊ ၃ ခုလောက် ရှိနေမှဖြစ်မယ်လို့ ဆိုပါတယ်။ ပထမအချက်ကတော့ Apple မဟုတ်တဲ့ တခြား Chip Customer တွေအတွက်ဖြစ်ပြီး ယာယီပြတ်တောက်တာမျိုး မဖြစ်ရအောင် ဆောင်ရွက်ဖို့လိုမှာ ဖြစ်ပါတယ်။
 
ဒုတိယကတော့ iPhone ပစ္စည်းတွေအားလုံး တရုတ်အပြင်မှာ Assemble လုပ်တာမျိုးမဟုတ်ဘဲ Production လုပ်မယ်ဆိုရင်တော့ လုံးဝမလွယ်တဲ့ကိစ္စလို့ ကျွမ်းကျင်သူ Mawston ပြောဆိုထားပါတယ်။ အရင်တခါ သတင်းထွက်ထားတုန်းက အိန္ဒိယမှာ iPhone 6s နဲ့ iPhone X စီးရီး ထုတ်နေတယ်ဆိုမယ့် Major Production လုပ်ဖြစ်မယ်ဆိုတာက မကျိန်းသေပါဘူး။
 
နောက်ဆုံး အမေရိကန် Wisconsin မြို့မှာ စက်ရုံပေါင်း ၁၃,၀၀၀ ကျော် တည်ဆောက်ဖို့ ဒေါ်လာ ၄.၅ ဘီလီယံ မက်လုံးပေးပြီး Foxconn သဘောတူထားပြီဆိုမယ့် ဒီ Project ဟာ လစာနည်းတယ်၊ ရုတ်တရက်ပယ်ချမှုတွေနဲ့ အတည်တကျ မရှိတာကြောင့် ဝေဖန်ခံနေရတယ်လို့ သိရပါတယ်။ Liu ကတော့ ၂၀၂၀ နှစ်ကုန်လောက်မှာ အမေရိကန် အလုပ်သမားအင်အား ၂,၀၀၀ လောက် ငှားရမ်းသွားမှာဖြစ်တဲ့အပြင် LCD Panel တွေကို လာမယ့်နှစ်မှာ စထုတ်သွားဖွယ်ရှိတယ်လို့ ပြောဆိုထာပါတယ်။
 
Credit : Akhayar
Read 99 times
Rate this item
(1 Vote)