ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီ ဖြစ်သွားတဲ့ Amazon

ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီ ဖြစ်သွားတဲ့ Amazon google.com
Amazon က Apple ကို နန်းချပြီး ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။
Google လည်း သူ့ရဲ့ အောက်ကို ရောက်သွားပါပြီ။ သုတေသန စစ်တမ်းကို BrandZ က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
 
Apple ဟာ ပြီးခဲ့တဲ့ ၁၂ နှစ်မှာ BrandZ ရဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီ စာရင်းမှာ နံပါတ် ၁ နေရာကို ဆက်တိုက်သိမ်းပိုက်ထားခဲ့တာပါ။ Amazon ဟာ ၂၀၁၈ ခုနှစ်မှာ Apple နဲ့ Google တို့ရဲ့ နောက်မှာ နံပါတ် ၃ နေရာကို ရရှိထားခဲ့တာပါ။ အခုလို ထိပ်ဆုံးနေရာကို ရရှိတာဟာ တစ်နှစ်ထက်တစ်နှစ် ၅၂ ရာခိုင်နှုန်း တန်ဖိုးတက်လာလို့ ဖြစ်ပါတယ်။
 
Amazon ဟာ အခုဆိုရင် ဒေါ်လာ ၃၁၅ ဘီလီယမ် တန်ကြေးရှိလာပါတယ်။ Apple က ၃၀၉.၅၂၇ ဘီလီယမ် နဲ့ Google က ၃၀၉.၀၀၀ ဘီလီယမ် တန်ကြေးရှိလာပါတယ်။ Apple ဟာ Google ထက် အနည်းငယ်သာ သာနေတာကို မြင်ရပါတယ်။ Microsoft က နံပါတ် ၄ နေရာမှာ ရှိနေပြီး ၂၅၁ ဘီလီယမ် ဖြစ်ပါတယ်။
 
ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ၁၀ ခုစာရင်းမှာ ၈ ခုဟာ အမေရိကန် ကုမ္ပဏီများ ဖြစ်ပါတယ်။ Visa, Facebook, McDonalds , AT&T များ ပါပါတယ်။ အခြား နှစ်ခုက တရုတ်မှ Alibaba Group နဲ့ Tencent တို့ ဖြစ်ပါတယ်။ Tencent နဲ့ Facebook ဟာ တစ်နှစ်ထက်တစ်နှစ် တန်ဖိုးကျဆင်းနေပါတယ်။ Tencent က ၂၇ ရာခိုင်နှုန်းနဲ့ Facebook က ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
 
Digital Times
Read 123 times
Rate this item
(2 votes)