Microsoft လက်လီဆိုင်များ အပြီးအပိုင် ပိတ်

Microsoft သည် ကမ္ဘာတစ်လွှားတွင် ဖွင့်လှစ်ထားသော လက်လီအရောင်းဆိုင်များကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ကြေညာသည်။ 

နယူးယောက်၊ လန်ဒန်၊ ဆစ်ဒနီ နှင့် ရေမွန်း မြို့များတွင် ဖွင့်လှစ်ထားသော Microsoft locations  လက်လီဆိုင်များကို experience center အဖြစ် အသွင်ပြောင်း ဖွင့်လှစ်မည်ဖြစ်ပြီး ပစ္စည်းရောင်းချခြင်း ပြုမည် မဟုတ်ချေ။ လန်ဒန်ရှိ စတိုးဆိုင်မှာ ဖွင့်လှစ်သည်မှာ တစ်နှစ်သာသာမျှသာ ရှိသေးသည်။ 

Microsoft သည် ဒစ်ဂျစ်တယ် လက်လီဆိုင်ဖြင့် ရှေ့ဆက်ဖို့ စူးစိုက်သွားမည်။ Microsoft.com ၊ Xbox နှင့်  Windows storefronts တို့တွင် ဈေးကွက်ပေါင်း ၁၉၀ မှ လာကြသောသူများ တစ်လလျှင် ဦးရေ ၁ . ၂ ဘီလျံ  ရှိကြောင်း Microsoft က ပြောကြားသည်။

ကိုဗစ်ကြောင့် Microsoft လက်လီဆိုင်များ ပိတ်ထားခဲ့ပြီး ယခုအခါ အပြီးအပိုင် ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။ 

Orlando, The Mall at Millennia, Microsoft, retail computer store

Read times
Rate this item
(0 votes)