Kim Kardashian ကိုခွင့်ပြုချက်မရှိ Tag လုပ်ခဲ့တဲ့ ကုမ္ပဏီလျော်ကြေး ၂.၈ သန်းပေးဆောင်ရ

Kim Kardashian ကိုခွင့်ပြုချက်မရှိ Tag လုပ်ခဲ့တဲ့ ကုမ္ပဏီလျော်ကြေး ၂.၈ သန်းပေးဆောင်ရ google.com
ပုရိသတွေ အသည်းစွဲကမ္ဘာကျော် ဆယ်လီတစ်ဦးဖြစ်တဲ့ ကင်ကာဒါရှီယန်က Instagram မှာသူ့ကို Tag တဲ့ Missguided Fashion Company ကို ဖေဖော်ဝါရီလက တရားစွဲခဲ့ပါတယ်။
အခုတော့ သူမဟာအမှုနိုင်ခဲ့ပြီး ကုမ္ပဏီ ထံကနေ လျော်ကြေးဒေါ်လာ 2.8 သန်းရရှိခဲ့ပါတယ်။ ကုမ္ပဏီကသူ့ကို Tag တွဲပြီး ကုန်ပစ္စည်းများ ရောင်းအားကောင်းအောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်မှ တရားရုံးကကုမ္ပဏီဟာ ကာဒါရှီရန်အား လျော်ကြေးငွေ ဒေါ်လာ 2.7 သန်းနဲ့ ရှေ့နေငှားရမ်းခဒေါ်လာ 59,600 ပေးဆောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
 
သူမက ကုမ္ပဏီဟာ အ၀တ်အစားများ  ရောင်းကောင်းဖို့ သူ့ရဲ့နာမည်ကျော်ကြားမှုကို အသုံးပြုနေတယ်လို့ ပြောပါတယ်။ Missguided ဟာ ဆယ်လီများရဲ့ ဖက်ရှင်ဒီဇိုင်းများကို တုပပြုလုပ်ပြီး ဈေးသက်သာ စွာရောင်းချလို့နာမည်ကြီးပါတယ်။ ကာဒါရှီယန်က အဲဒီတုပထားတဲ့အ၀တ်အစားများ ရောင်းကောင်းအောင် သူ့ရဲ့ Trademark များကိုအသုံးပြုတယ်လို့ ပြောပါတယ်။
 
Missguidedရဲ့ ၀က်ဘ်ဆိုက်နဲ့ Instagram Page များမှာသူမရဲ့ ဓါတ်ပုံများကို အသုံးပြုထားတယ်လို့ ပြောပါတယ်။ ၀က်ဘ်ဆိုက်မျာ ကာဒါရှီယန်ကိုရည်ရွယ်တဲ့ စာမျက်နှာတစ်ခုဖွင့်ထားပြီးအဲဒီမှာသူမရဲ့ အ၀တ်အစားများကို ပြသထား တယ်လို့သိရပါတယ်။ စားသုံးသူများကပုံကို ကလစ်နှိပ်ရင် တုပဖန်တီးထား တဲ့အ၀တ်အစားကိုရောင်းချတဲ့စာမျက်နှာကို ရောက်ရှိသွားတယ်လို့ပြောပါတယ်။ Instagram မှာလည်း သူမရဲ့ အ၀တ်အစားပုံများကို တင်ထားတယ်လို့ သိရပါတယ်။
 
ကာဒါရှီယန်က ကုမ္ပဏီဟာ သူမရဲ့ခွင့်ပြုချက်မယူဘဲ သူမရဲ့ဓါတ်ပုံများကိုအသုံးပြုတယ်လို့ ပြောပါတယ်။ သူမက Instagram မှာကြော်ငြာပို့စ်တစ်ခုတင်ရင် ဒေါ်လာ 3 သိန်းကနေ 5 သိန်းရတယ်လို့ တရားရုံးမှာ ဦးတိုက်လျှောက် ထားခဲ့ပါတယ်။ နှစ်ရှည်လက်တွဲပြီး ကြော်ငြာပေးရတယ်ဆိုရင် ဒေါ်လာသန်းပေါင်းများစွာရတယ်လို့ ပြောပါတယ်။
 
NetGuide Journal
Read times
Rate this item
(1 Vote)