Follower ၃၀၀၀၀ ပြည့်ပါက ဆယ်လီအဖြစ် သတ်မှတ်မယ့် ဗြိတိန်

Follower ၃၀၀၀၀ ပြည့်ပါက ဆယ်လီအဖြစ် သတ်မှတ်မယ့် ဗြိတိန် google.com
ဗြိတိန်မှ Advertising Standards Authority က လူမှုကွန်ရက်မှာ Follower ၃၀ ၀၀၀ ပြည့်ရင် ဆယ်လီဖြစ်ပြီလို့ သတ်မှတ်လိုက်ပါတယ်။
ဗြိတိန်မှာ သင် ဆယ်လီဖြစ်လို့ သိပ်မပျော်ပါနဲ့ဦး။ သင့်ကို စည်းမျဉ်းများနဲ့ ချုပ်လိုက်တာပါ။ သင် ဗြိတိန်မှာ ဆယ်လီဖြစ်ပြီးလို့ ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများကို လူမှုကွန်ရက်များမှာ ကြော်ညာပေးတော့မယ်ဆိုရင် ဒေးဗစ်ဘက်ခမ်း၊ စတီဗင် ဖရိုင်းတို့လို ဆယ်လီများလိုပဲ ကြော်ညာ ဥပဒေများကို လိုက်နာရတော့မှာ ဖြစ်ပါတယ်။
 
Follower ၃၀ ၀၀၀ ပြည့်ရင် ဆယ်လီလို့ သတ်မှတ်ရတဲ့ ဇာတ်လမ်းလည်း ရှိပါတယ်။ Follower ၃၂ ၀၀၀ ရှိတဲ့ အင်စတာဂရမ် အကောင့် ThisMamaLife က Phenergan Night Time အမည်ရ အိပ်ဆေး ကြော်ညာတဲ့ ပို့စ်တစ်ခုကို တင်လိုက်ပါတယ်။ အကောင့်က ဒါဟာ ကြော်ညာပို့စ်ပါလို့လည်း ဖော်ပြထားပါတယ်။ ASA က သူတို့ရဲ့ Follower အရေအတွက်ဟာ ၃၀ ၀၀၀ ကျော်နေတဲ့ အတွက် ဆယ်လီလို့ သတ်မှတ်ခဲ့ပါတယ်။ ဗြိတိန်မှာ ဆယ်လီများအား ဆေးဝါးများ ကြော်ညာခြင်းကို တားမြစ်ထားပါတယ်။ ဆယ်လီများဟာ ဆေးဝါးများ အကြောင်းကို သေချာစွာ မသိကြဘဲ ကြော်ညာနေလို့ ပိတ်ပင်ထားတာပါ။
 
ဗြိတိန်မှာ အမေရိကန်ထက် စည်းကမ်း ပိုတင်းကြပ်ပါတယ်။ အမေရိကန်မှာ ဆယ်လီများ ဆေးဝါး ကြော်ညာခြင်းကို ခွင့်ပြုထားပါတယ်။ အမေရိကန် ကုန်သွယ်ရေး ကော်မရှင်က ဆယ်လီ ဟုတ်ဟုတ် မဟုတ်ဟုတ် အခကြေးငွေနဲ့ ကြော်ညာပေးတာဆိုရင် ကြော်ညာ ပို့စ်ဖြစ်ကြောင်း ဖော်ပြရမယ်လို့ စည်းကမ်းထုတ်ထားပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကော်မရှင်က လူမှုကွန်ရက် ဆယ်လီနဲ့ Digital Marketers ပေါင်း ၉၀ ကျော်ကို ဒီစည်းမျဉ်းကို လိုက်နာဖို့ စာများ ပေးပို့ပြီး ညွှန်ကြားခဲ့ပါတယ်။
 
Digital Times
Read times
Rate this item
(1 Vote)