Facebook ကို အမုန်းစကားများဝေမျှမှုဖြင့် ဒဏ်ငွေရိုက်နိုင်မယ့် ဥပဒေ ပြင်သစ်အတည်ပြု

Facebook ကို အမုန်းစကားများဝေမျှမှုဖြင့် ဒဏ်ငွေရိုက်နိုင်မယ့် ဥပဒေ ပြင်သစ်အတည်ပြု google.com
ပြင်သစ် ဥပဒေ အာဏာပိုင်များက အမုန်းစကားများ မျှဝေမှုဖြင့် Facebook နဲ့ Google တို့လို နည်းပညာ ကုမ္ပဏီများအား အရေးယူနိုင်မယ့်
ဥပဒေကို ကြာသာပတေးနေ့က အတည်ပြုလိုက်ပါတယ်လို့ The Associate Press က ရေးသားထားပါတယ်။ ဒီဥပဒေဟာ အင်တာနက် စည်းမျဉ်း ဥပဒေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ပြင်သစ် အောက်လွှတ်တော်က အဆိုတင်သွင်းထားတာပါ။ ဒီဥပဒေကို အပြည့်အ၀ အတည်ပြုလိုက်ရင် လူမှုကွန်ရက်များဟာ အမုန်းစကားများကို ၂၄ နာရီအတွင်း ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။
 
ဥပဒေထဲမှာ ဘာသာရေး၊ လူမျိုးရေး စော်ကားမှုများ၊ အကြမ်းဖက်မှုများ ဖြစ်အောင် လှုံ့ဆော်မှုများ၊ ကလေးသူငယ် လိင် အကြောင်းအရာများကို မမျှဝေဖို့ တားဆီးထားပါတယ်။ ၂၄ နာရီအတွင်း မဖယ်ရှားပေးနိုင်ရင် လူမှုကွန်ရက်များဟာ ဒဏ်ငွေ ယူရို ၁.၂၅ သန်းအထိ ဒဏ်ငွေပေးဆောင်ရနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဂျာမနီကလည်း အလားတူ ဥပဒေကို အတည်ပြုခဲ့ပြီး ဒီနှစ် ဇန်န၀ါရီလ ၁ ရက်နေ့က စတင် အသက်ဝင်ခဲ့ပါတယ်။
 
ဇွန်လ နှောင်းပိုင်းမှာလည်း Donald Trump က နည်းပညာ ကုမ္ပဏီများကို တိုက်ခိုက်ခဲ့ပါတယ်။ သူက အမေရိကန် အစိုးရဟာ Google နဲ့ Facebook ကို တရားစွဲသင့်တယ်လို့ ပြောခဲ့ပါတယ်။ Fox Business နဲ့ အင်တာဗျူးမှာ သူက ပြောလိုက်တာပါ။ နည်းပညာ ကုမ္ပဏီကြီးများကို ဘာကြောင့် တရားစွဲသင့်တယ်ဆိုတာကို သူက မပြောပါဘူး။
 
ဒါပေမယ့် သူက Google ဟာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို ကမောက်ကမ ဖြစ်အောင် လုပ်နေတယ်လို့ သက်သေ အထောက်အထားမရှိဘဲနဲ့ ပြောပါတယ်။ တွစ်တာကလည်း သူ့ အကောင့်ကို လူတွေ ရှာမတွေ့အောင်နဲ့ Follow မလုပ်အောင် ဖွက်ထားတယ်လို့ သူက စွပ်စွဲပါတယ်။ သူက မကြာခင်မှာ အဲဒီ ကုမ္ပဏီများမှ ခေါင်းဆောင်များနဲ့ ဆွေးနွေးမယ်လို့ ပြောပါတယ်။ သူက နည်းပညာ ကုမ္ပဏီများမှ ခေါင်းဆောင်များနဲ့ ဇူလိုင်လမှာ လူမှုကွန်ရက် အစည်းအဝေး တစ်ခုကို ပြုလုပ်မယ်လို့ ပြောပါတယ်။
 
Digital Times
Read times
Rate this item
(1 Vote)