ခွင့်ပြုချက်မရှိဘဲ ဒေတာများကိုရယူနေတဲ့ Android App များ

ခွင့်ပြုချက်မရှိဘဲ ဒေတာများကိုရယူနေတဲ့ Android App များ google.com
နည်းပညာပိုမိုတိုးတတ်လာတဲ့ခေတ်ကြီးထဲမှာ ဘယ်အရာမှမလုံခြုံတော့ပါဘူး။ နောက်ပိုင်း App တွေကို Android Device
ထဲထည့်သွင်းချင်တယ်ဆိုရင် သင့်ရဲ့ ခွင့်ပြုချက်ရရှိဖို့ Permission များကိုတောင်းခံကြပါတယ်။ ခွင့်မပြုချင်တဲ့ App တွေရှိလာရင်လည်း Permission များကိုပိတ်ထားနိုင်ပါတယ်။ အခုဆို စစ်တမ်းကောက်ချက်တစ်ခုအရ App ပေါင်း ထောင်ကျော်ဟာ သင့်ရဲ့ခွင့်ပြုချက် Permission မရှိဘူးဆိုရင်တောင် သင့်ရဲ့ဒေတာတွေကိုရယူနိုင်တယ်လို့ ဆိုပါတယ်။
 
ဒီစစ်တမ်းအရ App ပေါင်း ၈၈၀၀၀ ကို စစ်ဆေးခဲ့ရာမှာ ၁၃၂၅ ခုသော App တွေဟာ သင့် တည်နေရာကိုသိရှိနိုင်မယ့် ဒေတာများလို အချက်အလက်များကို သင့် ခွင့်ပြုချက် Permission မရှိပဲရယူထားတယ်လို့ FTC Website မှာ ဖော်ပြထားပါတယ်။ 
 
ဒီခွင့်ပြုချက်မရှိရယူထားတဲ့ App တွေထဲမှာ Baidu ရဲ့မြေပုံဝန်ဆောင်မှုပါဝင်ပြီးတော့ ဒီဝန်ဆောင်မှုကိုအသုံးပြုတဲ့ Hong Kong Disneyland App အပြင် Samsung Health နဲ့ Samsung Browser App များလည်းပါဝင်ပါတယ်။ နာမည်ကျော် App တစ်ခုဖြစ်တဲ့ Shutterfly App တောင် ဒီထဲမှာပါဝင်နေပါတယ်။
 
စစ်တမ်းပြုလုပ်သူများဟာဒီကိစ္စများကို Google ကို တင်ပြထားပြီးတော့ Google ဘက်မှလည်း Android Q မှာ ဒါတွေကိုပြင်ဆင်ထားတယ်လို့ပြောပါတယ်။ သို့ပေမယ့်လည်း Android Q မရရှိနိုင်တဲ့ဖုန်းများစွာလည်းရှိပါသေးတယ်။ ဒါတွေကိုတော့ Google ဘက်ကဘယ်လိုဖြေရှင်းပေးမလဲဆိုတာ စောင့်ကြည့်ရအုန်းမှာပါ။
 
Digital Times
Read times
Rate this item
(1 Vote)