Facebook ကိုဆက်လက်အသုံးမပြုကြဖို့ Apple ရဲ့ပူးတွဲတည်ထောင်သူ သတိပေး

Facebook ကိုဆက်လက်အသုံးမပြုကြဖို့ Apple ရဲ့ပူးတွဲတည်ထောင်သူ သတိပေး google.com
အသုံးပြုသူတွေရဲ့ကိုယ်ရေးအချက်အလက်များပေါက်ကြားမှုကြောင့် Facebook ကိုဝေဖန်မှုများဆက်လက်မြှင့်တတ်နေပါတယ်။
အခုတစ်ခါမှာလည်း Apple ရဲ့ ပူးတွဲတည်ထောင်သူဖြစ်တဲ့ Steve Wozniak က သူရဲ့ ကိုယ်ရေးအချက်အလက်ပေါက်ကြားမှုကြောင့် Facebook ကိုဆက်လက်အသုံးမပြုကြဖို့ အကြံပေးလိုက်ပါတယ်။ 
 
ပြီးခဲ့တဲ့နှစ်တုန်းထဲက သူရဲ့ Facebook အကောင့်ကိုဆက်လက်အသုံးမပြုတော့ပဲ ဖျက်ပစ်ခဲ့တာဖြစ်ပါတယ်။ " လူတိုင်းက အွန်လိုင်းပေါ်မှာ သူတို့ ဒေတာတွေလုံခြုံတယ်လို့ထင်နေကြပါတယ်။ ဒါဟာအမှန်မဟုတ်ပါဘူး " ဆိုပြီး သတိပေးပြောကြားသွားပါတယ်။ 
 
မီဒီယာတစ်ခုမှမေးမြန်းထားတာကိုလည်း  " ကျွန်တော် အားလုံးကို စိတ်ပူပါတယ်။ ခင်ဗျားတို့ ဒါကိုရပ်တန့်နိုင်မယ်လို့ မထင်ပါဘူး။ ကျွန်တော့်ဖုန်းက ကျွန်တော်ပြောနေတာတွေကို နားထောင်နေနိုင်ပါတယ်။ Alexa ဟာလည်း ဒီလိုခိုးနားထောင်နေတဲ့သတင်းတွေ ထွက်နေပါတယ်။ ဒီနေ့ခေတ်မှာ Device များဟာ တစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့အတွက် သင့်ပြောစကားများဟာ ပိုပြီးမလုံခြုံတော့ပါဘူး။ ဒါကို သင်လုံးဝရပ်တန့်လို့ မရပါဘူး။ ဒါပေမဲ့ လုံခြုံအောင်လုပ်နိုင်မယ့်နည်းလမ်းများ ရှိပါတယ်။ ဥပမာအားဖြင့် Facebook အကောင့်ကို ဖျက်လိုက်တာပါ " လို့ ဖြေကြားသွားခဲ့ပါတယ်။
 
သူဟာ ယခင်ကလည်း မောင်းသူမဲ့ကားတွေကို မယုံကြည်ဘူးလို့ပြောခဲ့ပါသေးတယ်။ အခုလည်း Facebook ဟာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများတယ်ဆိုပြီး သတိပေးပြောဆိုခဲ့တာပါ။
 
NetGuide
Read times
Rate this item
(1 Vote)