Dropbox Transfer တွင် ဖိုင်ပမာဏ 100GB ထိလွှဲပြောင်းနိုင်တော့မည်

Dropbox Transfer တွင် ဖိုင်ပမာဏ 100GB ထိလွှဲပြောင်းနိုင်တော့မည် google.com
Dropbox ဟာ ဖိုင်ဝေမျှမှုပုံစံကို Transfer ဝန်ဆောင်မှုနဲ့ ပြောင်းလဲသွားမယ်လို့ သိရပါတယ်။
Dropbox Transfer ဝန်ဆောင်မှုက 100GB အထိကြီးတဲ့ ဖိုင်တွေကို အခြားသူတွေဆီ ပို့ခွင့်ပြုမယ်လို့ သိရပါတယ်။
 
သုံးစွဲသူက Transfer ထဲကဖိုင်ကို drag နဲ့ drop လုပ်ပြီး အခြားသူတစ်ယောက်ဆီ လင့်ခ် ဒါမှမဟုတ် အီးမေးလ်ကို ပေးပို့နိုင်ပါတယ်။ ဖိုင်ဝေမျှမှုမှာ ဖိုင်ကို အသုံးပြုဖို့ အသေးစိတ် ထိန်းချုပ်မှုပါဝင်ပြီး ဖိုင်အတွက် password ဒါမှမဟုတ် ရက်ကုန်ဆုံးမယ့်ရက်ကို သတ်မှတ်ထားနိုင်ပါတယ်။ ဖိုင်လက်ခံရယူမယ့်သူက Dropbox သုံးစွဲသူ ဖြစ်စရာမလိုပါဘူး။
 
သုံးစွဲသူတွေက Transfer download စာမျက်နှာကို စတိုင်ကျအောင် ပြုလုပ်နိုင်ပြီး မတူညီတဲ့ နောက်ခံပြောင်းလဲနိုင်ကာ လုပ်ငန်းပိုင်းတွေက လိုဂိုတွေ ထည့်သွင်းနိုင်ပါတယ်။ Dropbox Transfer ကို Dropbox သုံးစွဲသူတချို့မှာ စတင်စမ်းသပ်နေပြီး မကြာခင်မှာ Dropbox သုံးစွဲသူအားလုံးဆီ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။
 
transfer-create.gif
 
Internet Journal
Read times
Rate this item
(1 Vote)