တရုတ်က အိန္ဒိယကို Huawei ကိုမပိတ်ဆို့ဖို့ သတိပေး

တရုတ်က အိန္ဒိယကို Huawei ကိုမပိတ်ဆို့ဖို့ သတိပေး google.com
Huawei Technologies ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်အပေါ် ပိတ်ပင်ခြင်း မပြုဖို့ တရုတ်က အိန္ဒိယကို သတိပေးလိုက်တယ်လို့ ယင်းကိစ္စနဲ့ နီးစပ်သူတွေကပြောတယ်လို့သိရပါတယ်။
 
အကယ်၍ Huawei ကိုသာ ပိတ်ပင်ခဲ့ပါက အိန္ဒိယအပေါ် လက်တုန့်ပြန်ဆန်ရှင်တွေ ချမှတ်သွားနိုင်ကြောင်း၊ တရုတ်မှာ လုပ်ကိုင်နေတဲ့ အိန္ဒိယကုမ္ပဏီတွေအတွက်လည်းအကျိုးဆက်တွေ ရှိလာနိုင်ကြောင်း တရုတ်က သတိပေးခဲ့တယ်လို့ သိရပါတယ်။
 
အိန္ဒိယအနေနဲ့ မကြာမီ လာအနည်းငယ်အတွင်း နိုင်ငံမှာ မျိုးဆက်သစ် 5G cellular network တပ်ဆင်မှုအတွက် စမ်းသပ်မှုတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ဒါပေမယ့် ယင်းမှာ ပါဝင်ဖို့ တရုတ် တယ်လီကွန်းကုမ္ပဏီကို ဖိတ်ခေါ်မလား၊ မဖိတ်ဘူးလားဆိုတာကိုတော့ မဆုံးဖြတ်ရသေးကြောင်း တယ်လီကွန်းဝန်ကြီး Ravi Shankar Prasad က ပြောပါတယ်။
 
Huawei ကတော့ လက်ရှိ တရုတ်နဲ့ အမေရိကန် အကြားက စစ်ပွဲအတွင်း ထိခိုက်မှုတွေ ကြုံတွေ့ထားခဲ့ရပါတယ်။ အမေရိကန် အစိုးရကလည်း ယင်းကုမ္ပဏီကို ပြီးခဲ့တဲ့မေလက blacklist စာရင်းတစ်ခုမှာ သွင်းခဲ့ပါသေးတယ်။
 
Strategy First Journal
 
Read times
Rate this item
(1 Vote)