Apple ကို လှောင်ပြောင်ထားတဲ့ Video များကိုဖြုတ်ချလိုက်ရတဲ့ Samsung

Apple ကို လှောင်ပြောင်ထားတဲ့ Video များကိုဖြုတ်ချလိုက်ရတဲ့ Samsung google.com
တောင်ကိုရီးယားစမတ်ဖုန်းကုမ္ပဏီ Samsung ဟာ မကြာသေးမီတုန်းက အဆင့်မြင့်စမတ်ဖုန်း Galaxy Note 10 စီးရီးကို ကြေညာခဲ့ပါတယ်။
 
Samsung Galaxy Note 10 စီးရီးမှာ 3.5 မီလီမီတာ နားကြပ်ပေါက် မပါဝင်ပါဘူး။ Samsung က Galaxy Note 10 စီးရီးမှာ ဘက်ထရီများစွာ ထည့်သွင်းလိုတာကြောင့် နားကြပ်ပေါက်ကို ဖြုတ်လိုက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းထားပါတယ်။ ဒါက စိတ်ဝင်စားဖို့တော့ မကောင်းပါဘူး။
 
တကယ်တော့ Samsung ဟာ အခြားစမတ်ဖုန်းကုမ္ပဏီတွေက နားကြပ်ပေါက်တွေဖြုတ်နေချိန်မှာ သစ္စာရှိစွာထည့်သွင်းနေတဲ့ ကုမ္ပဏီအနည်းငယ်ထဲက တစ်ခုပါ။ ဒါပေမဲ့ ယခုလို Galaxy Note 10 မှာ နားကြပ်ပေါက်ဖြုတ်လိုက်ရမှုနှင့်အတူ Samsung ဟာ Apple ရဲ့ နားကြပ်ပေါက်ဖြုတ်မှုကို လှောင်ပြောင်ထားတဲ့ ဗီဒီယိုဖိုင်ကိုလည်း YouTube ကနေ တိတ်တဆိတ် ဖြုတ်ချလိုက်ရပါတယ်။
 
တောင်ကိုရီးယားကုမ္ပဏီဟာ 2017 ခုနှစ်၊ နိုဝင်ဘာလတုန်းက Growing Up ဆိုတဲ့ခေါင်းစဉ်နှင့် ဗီဒီယိုရိုက်ကူးကာ Apple က iPhone သစ်များမှာ နားကြပ်ပေါက်ပြုတ်ခဲ့မှုအပါအ၀င် iPhone သုံးသူများရဲ့ လုပ်ဆောင်မှုအကန့်အသတ်ဖြင့်သာ လုပ်ဆောင်ရမှုအပေါ် လှောင်ပြောင်ခဲ့ပါတယ်။
 

 
ယခုအခါ Samsung ဟာ ယင်းဗီဒီယိုကို သူတို့ရဲ့ချန်နယ်ကနေ တိတ်တဆိတ် ဖြုတ်ချလိုက်ပါပြီ။ ဒါပေမဲ့ ယင်းဗီဒီယိုဖိုင်ကို YouTube Channel အချို့တို့မှာ တင်ထားတုန်း ဖြစ်ပါတယ်။
 
NetGuide Journal
Read times
Rate this item
(1 Vote)