Android တွေမှာ Facebook Dark Mode သုံးလို့ရတော့မည်

Android တွေမှာ Facebook Dark Mode သုံးလို့ရတော့မည် google.com
Facebook ကနေ ပြီးခဲ့တဲ့မတ်လတုန်းက Messenger App မှာ Dark Mode ကို စတင်ပြီးတော့ Update ပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်။
အခုအချိန်မှာတော့ Facebook App မှာပါ Dark Mode ရရှိလာတော့မယ်ဆိုတာ သေချာသွားပါပြီ။
 
ယခင်တုန်းက Facebook ရဲ့ Video သီးသန့် Watch Tab မှာ Dark Mode ကို စမ်းသပ်ခဲ့ဖူးပြီး တချို့သော Account တွေမှာ Dark Mode အနေနဲ့ အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Reverse Engineering Expert ဖြစ်တဲ့ Jane Wong ရဲ့ ပြောကြားချက်အရတော့ Facebook ကုမ္ပဏီကနေ Dark Mode ကို တောင်းဆိုမှုများပြားတဲ့အတွက် Facebook App ရဲ့ နေရာတိုင်းမှာ အသုံးပြုနိုင်အောင် စတင်စမ်းသပ်နေပြီလို့ သိရပါတယ်။
 
အခု Facebook App ရဲ့ Dark Mode ဟာ iOS အတွက်ကတော့ သတင်းတွေမထွက်နေသေးပေမယ့် လောလောဆယ်မှာတော့ Android App အတွက် Update ရဖို့ ပိုဖြစ်နိုင်နေပါတယ်။
 
ဘာပဲဖြစ်ဖြစ် ဒီသတင်းကကျိန်းသေနေသလောက်ဖြစ်နေပြီဆိုတော့ မကြာခင်မှာ Facebook App ကိုလည်း Dark Mode နဲ့ အသုံးပြုနိုင်တော့မှာပါ။
 
Credit : Akhayar
Read times
Rate this item
(1 Vote)