စမတ်ဖုန်းပါထုတ်လုပ်လာတဲ့ Supreme

စမတ်ဖုန်းပါထုတ်လုပ်လာတဲ့ Supreme google.com
Supreme ဟာ ဆယ်စုနှစ်နှစ်ခုအတွင်းမှာ နယူးယောက်မှ စကိတ်ဆိုင်ငယ်တစ်ဆိုင်အဖြစ်ကနေ ဒေါ်လာ 1 ဘီလီယမ်ကျော်တန်တဲ့ ဖက်ရှင်အ၀တ်အစားကုမ္ပဏီကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။
အခုဆို သွားလေရာလာလေရာတိုင်းမှာ Supreme ရဲ့ မှတ်မိလွယ်တဲ့ အဖြူ/အနီလိုဂိုကို မြင်တွေ့နေရပါတယ်။
 
Supreme က အ၀တ်အစားတွေချည်းဘဲ ထုတ်လုပ်ရောင်းချတဲ့ကုမ္ပဏီ မဟုတ်ပါဘူး။ ၎င်းတို့ဟာ အခြားကုမ္ပဏီများနှင့် ပူးပေါင်းပြီးတော့ ဒေါ်လာ 30 တန် အုတ်ခဲ၊ Stick ၊ သမ္မာကျမ်းစာအုပ်လိုမျိုး ပစ္စည်းများကိုလည်း ထုတ်လုပ်ရောင်းချပါတယ်။ ယခုလည်း ၎င်းတို့ဟာ နောက်ထပ် ထူးထူးခြားခြား Product တစ်ခုကို လုပ်ဆောင်လာပါတယ်။
 
Supreme ဟာ 2019 ခုနှစ် ဆောင်းရာသီကာလအတွက် ပစ္စည်းများကို ကြေညာလာပါတယ်။ ယင်းမှာ အသုံးအဆောင်ပစ္စည်းအမြောက်အမြားအပြင် ထူးထူးခြားခြားအဖြစ် ဖုန်းတစ်လုံးလည်း ပါဝင်လာတာ ဖြစ်ပါတယ်။ BLU နှင့် ပူးပေါင်းဖန်တီးထားတာဖြစ်ပြီး Keypad ဖုန်း ဖြစ်ပါတယ်။ 3G ဖုန်းဖြစ်ပြီး ကင်မရာလည်း ပါဝင်ပါတယ်။
 
Dual SIM ထောက်ပံ့ထားကာ 2.4 လက်မ မျက်နှာပြင် ပါဝင်ပါတယ်။ ကျောဘက်မှာ Supreme လိုဂို ပါဝင်ပါတယ်။
 
လက်ရှိအချိန်မှာ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် Supreme ဟာ အုတ်ခဲကိုတောင် ဒေါ်လာ 30 သတ်မှတ်ပြီး ရောင်းချဖူးတာကြောင့် ယခုကြေညာလာတဲ့ဖုန်းကလည်း ဈေးနှုန်း ဒေါ်လာ 300 နှင့်အထက် ဖြစ်လာတယ်ဆိုရင်လည်း အံ့သြစရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတာ ဒီဖုန်းက Supreme အမှတ်တံဆိပ်ဖုန်းဖြစ်နေလို့ ဖြစ်ပါတယ်။
 
NetGuide Journal
Read times
Rate this item
(1 Vote)