စက်တင်ဘာ ၁၉ ရက်မှာ စတင်မိတ်ဆက်ပေးတော့မယ့် Huawei Mate 30 Series

စက်တင်ဘာ ၁၉ ရက်မှာ စတင်မိတ်ဆက်ပေးတော့မယ့် Huawei Mate 30 Series google.com
Huawei က Mate 30 စီးရီးကို IFA 2019 ပွဲမှာ မိတ်ဆက်လာမှာမဟုတ်ဘဲ လာမယ့်စက်တင်ဘာလ 19 ရက်နေ့မှာ မြူးနစ်မှာမိတ်ဆက်မယ်လို့ ကြေညာလာပါတယ်။
 
Huawei ဟာ တွစ်တာအကောင့်ကနေ Huawei Mate 30 စီးရီးကို စက်တင်ဘာလ 19 ရက်နေ့မှာ မိတ်ဆက်မယ်လို့ တရားဝင်အတည်ပြုကြေညာလာခဲ့တာလည်း ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့အပတ်တုန်းက ပေါက်ကြားခဲ့မှုအရ Huawei Mate 30 စီးရီးမှာ ကျောဘက်ကင်မရာလေးလုံး ပါဝင်လာမှာဖြစ်ပြီး ကင်မရာများကို စက်ဝိုင်းပုံသဏ္ဍန်မှာ ထည့်သွင်းလာပါမယ်။ Huawei Mate 30 စီးရီးမှာ ယခင်ဖုန်းများလိုဘဲ Leica နှင့် ပူးပေါင်းဖန်တီးထားတဲ့ ကင်မရာများ သုံးလာပါမယ်။ ကျောဘက်ကင်မရာလေးလုံးမှာ နှစ်လုံးက 40MP နှစ်လုံး ဖြစ်လာပါမယ်။ Notch အတွင်းမှာ ကင်မရာသုံးလုံးပါဝင်လာမှာဖြစ်ပြီး In-Display Fingerprint Scanner ပါဝင်လာပါမယ်။
 
Kirin 990 Chipset နှင့် ပါဝါထောက်ပံ့လာမှာဖြစ်သလို IR Sensor ပါဝင်လာပါမယ်။  ရုပ်ထွက်ကွေးမှုက 90 ဒီဂရီအထိ ရှိလာပါမယ်။ ဒီဖုန်းများမှာ 25W Wireless Charging ပါဝင်လာမယ်လို့ သိရပါတယ်။
 
NetGuide Journal
Read times
Rate this item
(1 Vote)