အလုံးရေ ၃ သိန်းကျော်ကို ၁ ရက်အတွင်းရောင်းချပေးခဲ့ရတဲ့ Redmi Note 8 Pro

အလုံးရေ ၃ သိန်းကျော်ကို ၁ ရက်အတွင်းရောင်းချပေးခဲ့ရတဲ့ Redmi Note 8 Pro google.com
Redmi Note 8 Pro ကို တရုတ်မှာ ရောင်းချပေးလိုက်ပြီဖြစ်ပါတယ်။
ပထမဆုံးရက်မှာပဲ အလုံးရေ ၃ သိန်းကျော် ရောင်းချပေးနိုင်ခဲ့တယ်လို့လည်း ကုမ္ပဏီက ကြေညာလိုက်ပါတယ်။ တရုတ်မှာ အောက်ပါ ဈေးနှုန်းတွေနဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။
 
- 6GB+64GB : 1,399 Yuan (US$196)
- 6GB+128GB : 1,599 Yuan (US$224)
- 8GB+128GB : 1,799 Yuan (US$252)
 
Redmi Note 8 ကိုတော့ ဒီလ ၁၇ ရက်မှာ စတင်ရောင်းပေးမှာ ဖြစ်ပြီးတော့  Redmi Note 8 Pro ရဲ့ အလန်းစား Specs တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ သူဟာ 64MP Camera ပါတဲ့ ပထမဆုံးဖုန်း ဖြစ်လာပါတယ်။ Samsung ရဲ့ ISOCELL Bright GW1 Sensor ဖြစ်ပြီး Quad-binning Pixel နည်းပညာ ထည့်သွင်းထားပါတယ်။
 
 
၆.၅၃ လက်မ Full HD+ Display တပ်ဆင်ထားပြီး ဘေးဘောင်တွေက ပါးလွာပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ 64MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ AI Features နဲ့ Scene Recognition တွေပါတဲ့ 20MP Selfie Camera ကို Notch မှာ ထည့်သွင်းထားပါတယ်။
 
MediaTek Helio G90T ပါတဲ့ ပထမဆုံးစမတ်ဖုန်းလည်း ဖြစ်လာပါတယ်။ 18W Fast Charging ပါတဲ့ 4,500mAh Battery ထည့်ထားပါတယ်။ ဂိမ်းအသားပေး Chipset ကို အပူချိန်လျော့ချပေးဖို့ Liquid Cooling Chamber ၁ ခု ကိုထည့်သွင်းထားပါတယ်။ WiFi နဲ့ 4G ၂ ခုစလုံးကို တစ်ပြိုင်နက်ချိတ်ဆက်နိုင်ပါတယ်။ အနက်၊ အစိမ်းနဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပါတယ်။
 
Digital Times
Read times
Rate this item
(1 Vote)