Xiaomi ကမိတ်ဆက်လိုက်တဲ့ Mi Mix Alpha ဖုန်းမှာမျက်နှာပြင် ၁၈၀ ရာခိုင်နှုန်းထိ ပါဝင်လာ

Xiaomi ကမိတ်ဆက်လိုက်တဲ့ Mi Mix Alpha ဖုန်းမှာမျက်နှာပြင် ၁၈၀ ရာခိုင်နှုန်းထိ ပါဝင်လာ google.com
Xiaomi ရဲ့ Mi Mix စီးရီးဟာ ဖုန်းမျက်နှာပြင်နဲ့ ပုံသဏ္ဍာန်ပိုင်း ဆန်းသစ်တီထွင်ဖို့ အမြဲကြိုးစားပါတယ်။
Xiaomi ဟာ notch မပါဝင်တဲ့ Mi Mix 3 ကို ပြီးခဲ့တဲ့နှစ်ကဖန်တီးခဲ့ပါတယ်။ အခုအခါမှာလည်း Xiaomi က Mi Mix Alpha နဲ့လူတွေကို အံ့အားသင့်အောင် ပြုလုပ်လိုက်ပါတယ်။
 

 

Xiaomi ရဲ့ Mi Mix Alpha ဖုန်းပတ်ပတ်လည်မှာ screen ကိုထည့်သွင်းထားပါတယ်။ ဒါကြောင့် ဖုန်းတစ်ခုလုံးကို screen နဲ့ ဖန်တီးထားသလိုမျိုး ခံစားရစေမှာဖြစ်ပြီး ဖုန်းရဲ့ဘေးဘက်ခြမ်းမှာ ကွန်ရက် signal နဲ့ဘက်ထရီပမာဏကို ဖော်ပြထားပါတယ်။ ဖုန်းရဲ့ scree-to-body အချိုးအစားကတော့ ၁၈၀ ရာခိုင်နှုန်း ရှိတယ်လို့ Xiaomi ကပြောထားပါတယ်။
 

 
Mix Alpha မှာ Samsung နဲ့ Xiaomi ပူးပေါင်းဖန်တီးထားတဲ့ 108-megapixel ကင်မရာ sensor ကိုအသုံးပြုထားပါတယ်။ အခြား ရုပ်ထွက်အရည်အသွေးမြင့် sensor တွေကိုလည်း Samsung နဲ့ပူးပေါင်းဖန်တီးထားကာ အလင်းအားနည်းတဲ့နေရာမှာ အလင်းအားကောင်းစေဖို့ 2×2 စတုရန်းတွေကို ပေါင်းစပ်ထားပါတယ်။ ဒါကြောင့် 27-megapixel ရုပ်ပုံတွေကို ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။
 
Mix Alpha မှာ selfie ကင်မရာ မပါဝင်ပါဘူး။ သုံးစွဲသူက ဖုန်းတစ်ဘက်လှည့်ပြီး ကျောဘက်ကင်မရာ 108 megapixel ကို viewfinder အဖြစ်အသုံးပြုပြီး selfie ပုံတွေရိုက်ကူးနိုင်ပါတယ်။ ဖုန်းရဲ့ အခြားအချက်အလက်တွေကတော့ Qualcomm Snapdragon 855+ ပရိုဆက်ဆာ၊ 5G ကွန်ရက်၊ RAM 12GB နဲ့ storage 512GB အပြင် အားသွင်းမြန်ဆန်တဲ့ 40W နဲ့ ဘက်ထရီ 4,050mAh ပါဝင်လာပါတယ်။
 
 
 
Mix Alpha ဖုန်းက concept အဆင့်ပဲရှိသေးတဲ့ စမတ်ဖုန်းဖြစ်တယ်လို့ Xiaomi ကရှင်းပြခဲ့ပါတယ်။ ဒါကြောင့် လတ်တလောမှာ အမြောက်အမြားထုတ်လုပ်ဦးမှာ မဟုတ်ပါဘူး။ ဖုန်းကို ဒီနှစ်မှာ အလုံးရေအနည်းငယ်ထုတ်လုပ်ပြီး ဒီဇင်ဘာလမှာ ယွမ် ၁၉,၉၉၉ ဒါမှမဟုတ် ဒေါ်လာ ၂,၈၀၀ နဲ့ရောင်းချမယ်လို့ သိရပါတယ်။
 
မူလထွက်ရှိခဲ့တဲ့ Mi Mix ကိုလည်း concept ပုံစံနဲ့ မိတ်ဆက်ပေးခဲ့ပြီး အလုံးရေအနည်းငယ် ဖြန့်ချိခဲ့ပါတယ်။ နောက်တစ်နှစ်မှာ ထွက်ရှိလာတဲ့ Mi Mix 2 ကလည်း လူကြိုက်များတဲ့ ထုတ်ကုန်ဖြစ်လာပါတယ်။
 
Internet Journal
Read times
Rate this item
(1 Vote)