Android 10 ပါဝင်လာမယ့် OnePlus 7T

Android 10 ပါဝင်လာမယ့် OnePlus 7T google.com
OnePlus ရဲ့ OnePlus 7T စမတ်ဖုန်း စီးရီးသစ်တွေကို ဒီနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။
ဖုန်းတွေနဲ့ တပြိုင်နက်တည်း OnePlus TV ကိုပါ မိတ်ဆက်လာဖို့ ရှိပါတယ်။ တရက်ပြီး တစ်ရက် အဲ့ဒီဖုန်းတွေမှာ ပါဝင်မယ့် အချက်အလက်တွေ တောက်လျောက်လိုလိုထွက်နေပါတယ်။ မနေ့ကလည်း OnePlus 7T ဖုန်းရဲ့ ပါကင်ဘူးပုံထွက်ထား ပါသေးတယ်။ ဒီနေ့ထွက်လာတဲ့ သတင်းမှာတော့ OnePlus 7T ဖုန်းတွေမှာ Android 10 ကိုတပါတည်း ထည့်သွင်းလာမယ်လို့ သိရပါတယ်။
 
ဒီလိုဆိုရင်တော့ Android 10 ကိုပထမဆုံး ထည့်ပေးတဲ့ ဖုန်းအဖြစ် သတ်မှတ်နိုင်မှာပါ။ Android 10 ကို preload ထည့်ပေးထားပြီး Google apps နဲ့ဝန်ဆောင်မှုတွေကို ခပ်စောစောသုံးနိုင်မယ့် ဖုန်းပါ။ Huawei ရဲ့ Mate 30 series တွေမှာလည်း Android 10 နဲ့အလုပ်လုပ်တယ် ဆိုပေမယ့် US-China trade war ကြောင့် Play Store နဲ့ အခြား Google apps တွေ အလုပ်မလုပ်ပါဘူး။ နောက်ထပ် Android 10 out of the box ပါလာမယ့် ဖုန်းတွေကတော့ အောက်တိုဘာ ၁၅ ရက်နေ့ မိတ်ဆက်မယ့် Pixel 4 နဲ့ Pixel 4 XL ဖုန်းတွေပဲ ဖြစ်ပါတယ်။
 
 
OnePlus 7T ဖုန်းဟာ OnePlus 7 ဖုန်းကို အကြီးမားဆုံး ပြင်ဆင်ပြောင်းလဲလာမယ့် ဖုန်းဖြစ်လာမှာပါ။6.55-inch Fluid AMOLED display မှာ optical in-display fingerprint scanner ၊ 90Hz refresh rate နဲ့အတူ HDR10+ ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ Snapdragon 855+ ကိုပဲ သုံးလာဖို့များပြီး 8GB RAM နဲ့တွဲဘက်မှာပါ။ OnePlus 7T ကို 128GB နဲ့ 256GB versions ၂ မျိုးနဲ့ ထုတ်ပေးလာမှာဖြစ်ပြီး ကင်မရာပိုင်းမှာလည်း အတော်အဆင့်မြင့်ပါလိမ့်မယ်။
 
NetGuide Journal
Read times
Rate this item
(1 Vote)