iPhone 11 ကို အလုံးရေ ၈ သန်းထိတိုးမြင့်ထုတ်လုပ်မည်

iPhone 11 ကို အလုံးရေ ၈ သန်းထိတိုးမြင့်ထုတ်လုပ်မည် google.com
iPhone 11 ဖုန်းမော်ဒယ် ထုတ်လုပ်မှုကို ၁၀ ရာခိုင်နှုန်းခန့် သို့မဟုတ် အလုံးရေ ၈ သန်းအထိ တိုးမြင့်ထုတ်လုပ်ဖို့ suppliers တွေကို Apple ကုမ္ပဏီဘက်က ညွန်ကြားထားကြောင်း Nikkei Asian Review သတင်းဌာနက ဖော်ပြပါတယ်။
 
ယင်း ဖုန်းတွေအတွက် ၀ယ်လိုအားဟာ မျှော်မှန်းတာထက် ပိုမို ကောင်းမွန်နိုင်တာကြောင့် ခုလို ထုတ်လုပ်မှု တိုးမြှင့်ရခြင်း ဖြစ်ကြောင်း သိရပါတယ်။
 
“ ဒီတော့ iPhone 11 series အတွက် ပြင်ဆင်ထားတဲ့ထုတ်လုပ်မှု ပမာဏကတော့ မနှစ်ကထက် ပိုတိုးဖို့ ရှိပါတယ်” လို့ သတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီးNikkei က ဖော်ပြပါတယ်။
 
မကြာမီကာလက iPhone အမှာစာ ထိုးတက်ခဲ့မှုဟာ iPhone 11 နဲ့ iPhone 11 Pro model တွေနဲ့ အဓိက သက်ဆိုင်နေခဲ့ကြောင်း သတင်းရင်းမြစ်တွေက Nikkei ကို ပြောပါတယ်။
 
ဒါပေမယ့်လည်း suppliers တွေဘက်က ခုကိစ္စကို သံသယရှိနေကြကြောင်း၊ ခုလို အမှာစာလယ်ဗယ်မြင့်တက်မှုဟာ ရေရှည်မခံမှာကို စိုးရိမ်နေကြောင်းလည်း ယင်းသတင်းစာက ဖော်ပြသွားပါတယ်။
 
(Unicode)
 
Strategy First Journal
 
Read times
Rate this item
(1 Vote)