နိုင်ငံတကာမှာလည်းအသုံးပြုနိုင်မယ့် Xiaomi Mi Band 5 ရဲ့ NFC စနစ်

နိုင်ငံတကာမှာလည်းအသုံးပြုနိုင်မယ့် Xiaomi Mi Band 5 ရဲ့ NFC စနစ် google.com
တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ စမတ်လက်ပတ်ဈေးကွက်မှာ ထိပ်တန်းနေရာတစ်ခု အခိုင်အမာရယူထားတာ အားလုံးလည်းအသိ ဖြစ်ပါတယ်။
 
Xiaomi ရဲ့ Mi Band စီးရီးက ဈေးကွက်တိုင်းမှာ အကြီးအကျယ် အောင်မြင်ပါတယ်။ နောက်ဆုံးထွက်တဲ့ Xiaomi Mi Band 4 ဆိုရင်လည်း 8 ရက်အတွင်းမှာဘဲ အလုံးရေ 1 သန်းကျော် ရောင်းချရတဲ့အထိ အောင်မြင်မှု ရရှိခဲ့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့ Xiaomi Mi Band 4 ရဲ့ ဗားရှင်းကွဲတစ်ခုဖြစ်တဲ့ NFC Edition ကလည်း အကြီးအကျယ်အောင်မြင်မှု ရရှိခဲ့တာပါ။ ဒါကြောင့်လည်း Xiaomi ဟာ NFC နဲ့ပတ်သက်ပြီး နောက်ထပ် ခြေလှမ်းသစ် ထပ်လှမ်းလာဦးမှာ ဖြစ်ပါတယ်။
 
Xiaomi Mi Band NFC ဗားရှင်းများကို တရုတ်ဈေးကွက်မှာဘဲ သီးသန့်ရောင်းချပါတယ်။ TizenHelp မှာ ဖော်ပြလာမှုအရ Xiaomi ဟာ လာမယ့် Mi Band 5 မှာ NFC ဗားရှင်းကို တစ်ကမ္ဘာလုံးမှာ ရောင်းချလာမှာဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် နိုင်ငံတကာဈေးကွက်မှာ ရောင်းချလာမယ့် Mi Band 5 NFC Edition ကို ဝယ်ယူအသုံးပြုသူများအနေဖြင့် ငွေပေးချေမှုများမှာ အသုံးပြုနိုင်ကြမှာ ဖြစ်ပါတယ်။
 
Xiaomi ဟာ Mi Band 5 ကို လာမယ့် 2020 ခုနှစ် ဒုတိယသုံးလအတွင်းမှာ ကြေညာရောင်းချလာဖို့ ရှိပါတယ်။ လက်ရှိအချိန်မှာ Xiaomi Mi Band 5 နဲ့ပတ်သက်ပြီး ဒီလောက်ဘဲ သိရပါသေးတယ်။ လာမယ့်လတွေမှာ Mi Band 5 နဲ့ပတ်သက်ပြီး သတင်းတွေ အများကြီးထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။
 
(Unicode)
 
NetGuide Journal
Read times
Rate this item
(1 Vote)