Message ေတြကို အလိုလို ဖ်က္ေပးတဲ့ လုပ္ေဆာင္ခ်က္ကို စမ္းသပ္ေနတဲ့ WhatsApp

Message ေတြကို အလိုလို ဖ်က္ေပးတဲ့ လုပ္ေဆာင္ခ်က္ကို စမ္းသပ္ေနတဲ့ WhatsApp google.com
Facebook Messenger , Telegram နဲ႔ Signal တို႔လို နာမည္ေက်ာ္ Messaging Apps ေတြမွာ Message ေတြကို အလိုလို ဖ်က္ေပးတဲ့ လုပ္ေဆာင္ခ်က္ကို ထည့္သြင္းေပးထားၾကပါတယ္။
 
Conversation ၁ ခုမွ Message ေတြကို အခ်ိန္ ၁ ခု သတ္မွတ္ေပးၿပီး ဖ်က္ခိုင္းႏိုင္တာျဖစ္ပါတယ္။ သတ္မွတ္ထားတဲ့ အခ်ိန္ေရာက္ရင္ အလိုလို ဖ်က္ေပးပါတယ္။
 
အဲဒီလုပ္ေဆာင္ခ်က္ကို မၾကာခင္မွာ WhatsApp မွာ ထည့္သြင္းေပးေတာ့မယ္လို႔ WABetainfo က ေျပာပါတယ္။ WhatsApp Version 2.19.275 မွာ အဲဒီ လုပ္ေဆာင္ခ်က္ကို စမ္းသပ္ေနပါတယ္။ WABetainfo က WhatsApp ရဲ႕ Group Chat Settings မွာ Message ေတြ အလိုလို ဖ်က္ေပးတဲ့ လုပ္ေဆာင္ခ်က္ကို ေတြ႕ရတယ္လို႔ ေျပာပါတယ္။ အခ်ိန္အေနနဲ႔ ၅ စကၠန႔္နဲ႔ ၁ နာရီကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။
 
အေရးႀကီး သတင္းအခ်က္အလက္ေတြ၊ ကိုယ္ေရးကိုယ္တာ ေဒတာေတြကို သူငယ္ခ်င္းေတြဆီ ေပးပို႔ၿပီး အဲဒီ ေဒတာေတြကို ေျခရာမက်န္ေစခ်င္ရင္ Message ေတြကို အလိုလို ဖ်က္ေပးတဲ့ လုပ္ေဆာင္ခ်က္က အသုံးဝင္ပါတယ္။
 
whatsapp-min.jpg
 
(Unicode)
 
Message တွေကို အလိုလို ဖျက်ပေးတဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေတဲ့ WhatsApp
 
Facebook Messenger , Telegram နဲ့ Signal တို့လို နာမည်ကျော် Messaging Apps တွေမှာ Message တွေကို အလိုလို ဖျက်ပေးတဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားကြပါတယ်။ Conversation ၁ ခုမှ Message တွေကို အချိန် ၁ ခု သတ်မှတ်ပေးပြီး ဖျက်ခိုင်းနိုင်တာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် အလိုလို ဖျက်ပေးပါတယ်။
 
အဲဒီလုပ်ဆောင်ချက်ကို မကြာခင်မှာ WhatsApp မှာ ထည့်သွင်းပေးတော့မယ်လို့ WABetainfo က ပြောပါတယ်။ WhatsApp Version 2.19.275 မှာ အဲဒီ လုပ်ဆောင်ချက်ကို စမ်းသပ်နေပါတယ်။ WABetainfo က WhatsApp ရဲ့ Group Chat Settings မှာ Message တွေ အလိုလို ဖျက်ပေးတဲ့ လုပ်ဆောင်ချက်ကို တွေ့ရတယ်လို့ ပြောပါတယ်။ အချိန်အနေနဲ့ ၅ စက္ကန့်နဲ့ ၁ နာရီကို ရွေးချယ်နိုင်ပါတယ်။
 
အရေးကြီး သတင်းအချက်အလက်တွေ၊ ကိုယ်ရေးကိုယ်တာ ဒေတာတွေကို သူငယ်ချင်းတွေဆီ ပေးပို့ပြီး အဲဒီ ဒေတာတွေကို ခြေရာမကျန်စေချင်ရင် Message တွေကို အလိုလို ဖျက်ပေးတဲ့ လုပ်ဆောင်ချက်က အသုံးဝင်ပါတယ်။
 
whatsapp-min.jpg
 
Digital Times
Read times
Rate this item
(1 Vote)