ဒီဇင်ဘာလမှာကြေညာနိုင်ချေရှိတဲ့ 5G ပါဝင်မယ့် Vivo X30

ဒီဇင်ဘာလမှာကြေညာနိုင်ချေရှိတဲ့ 5G ပါဝင်မယ့် Vivo X30 google.com
Vivo က Exynos 980 Chipset ပါတဲ့ 5G ဖုန်းကို Samsung နဲ့ ပူးပေါင်းဖန်တီးမယ်လို့ အရင်လက ကြေညာလိုက်ပါတယ်။
 
အခုတော့ တရုတ်က ထွက်လာတဲ့ သတင်းအရ အဲဒီ ဖုန်းဟာ Vivo X30 ဖြစ်မယ်လို့ သိရပြီး အရင်နှစ် ဒီဇင်ဘာလက ကြေညာခဲ့တဲ့ Vivo X27 ရဲ့ မျိုးဆက်သစ် ဖြစ်မှာပါ။
 
X30 ကို ကုမ္ပဏီက မှတ်ပုံတင်ထားပြီ ဖြစ်ပြီး Notch မပါဘဲ အရှေ့ ကင်မရာက Pop-up Design ဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာ Vivo X27 နဲ့ အရမ်းကို တူနိုင်ပြီး အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားမယ်လို့ ခန့်မှန်းနေကြပါတယ်။
 
Vivo X30 ကို မိတ်ဆက်ကြေညာမယ့် ခန်းမရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်နေပါတယ်။ သူ့မှာ Exynos 980 Chipset ပါမယ်ဆိုတဲ့ အထောက်အထားတွေလည်း ဓါတ်ပုံတွေမှာ တွေ့ရပါတယ်။ အဲဒီအတွက် 5G Modem ပါလာမှာ ဖြစ်ပြီး 4G Model တော့ မထွက်လာနိုင်ပါဘူး။
 
လက်ရှိမှာ သူ့ရဲ့ တခြား Specifications တွေကို မသိရသေးပါဘူး။ Chipset ကတော့ သေချာသလောက်ရှိနေပြီ ဖြစ်ပြီး စွမ်းရည်မြင့် 2.2GHz Cortex-A77 Core ၂ လုံးနဲ့ စွမ်းအင် စားသုံးမှု သက်သာစေတဲ့ Cortex-A55 Core ၆ လုံး ပါလာမှာ ဖြစ်ပါတယ်။
 
(Unicode)
 
Digital Times
Read times
Rate this item
(0 votes)