အကောင့်တုပေါင်း ၅ ဒသမ ၄ ဘီလီယံကို ဖယ်ရှားလိုက်တဲ့ Facebook

လက်ရှိ ၂၀၁၉ ခုနှစ်အတွင်း အကောင့်တုပေါင်း ၅ ဒသမ ၄ ဘီလီယံခန့်ကို ဖယ်ရှားခဲ့ကြောင်း အမေရိကန် လူမှုကွန်ရက်ကုမ္ပဏီ Facebook က ထုတ်ပြန်သွားပါတယ်။
 
တစ်ချိန်တည်းမှာလည်းပဲ ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုဖြစ်စဉ်တွေ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်စဉ်တွေကို ဖော်ညွန်းတဲ့ post ပေါင်း သန်းပေါင်းများစွာကိုလည်း ဖြုတ်ချခဲ့ကြောင်း Facebook က ဆိုပါတယ်။
 
ဒါဟာ အွန်လိုင်းပေါ်မှာ ကြိုးကိုင်ခြယ်လှယ်မှု၊ သတင်းအမှားဖြန့်မှု တို့အပေါ် Facebook ဘက်က အဆက်မပြတ်တွန်းလှန်တိုက်ဖျက်နေတဲ့ လက္ခဏာရပ်တစ်ခုလည်းဖြစ်ပါတယ်။
 
ယခုနှစ် ဧပြီနဲ့ စက်တင်ဘာ ကြားကာလအတွင်းမှာတင်အကောင့်တုပေါင်း ၃ ဒသမ ၂ ဘီလီယံကို ဖယ်ရှားခဲ့ကြောင်း Facebook က ပြောပါတယ်။
 
ဒါဟာ ယခုနောက်ပိုင်းကာလတွေမှာ အွန်လိုင်းပေါ်တွေမှာအကောင့်တုတွေ ဖန်တီးဖို့ ပိုမို အားထုတ်လာမှုတွေ ရှိနေချိန်မှာ ကုမ္ပဏီဘက်က ဒါတွေနဲ့ပတ်သက်လို့ အရှိန်မြင့် ကာကွယ်နေလျက်ရှိတာ ဖြစ်ပါတယ်။
 
“ နေ့စဉ်နေ့တိုင်း အကောင့်တုတွေ ဖန်တီးမယ့် အားထုတ်မှုပေါင်း သန်းချီကို ကျွန်တော်တို့ ကာကွယ်တားဆီးနေရပါတယ်၊ ဒီလို အကောင့်တုတွေ ဖန်တီးမယ့် အားထုတ်မှုတွေကို စောင့်ကြည့်ပြီး တားဆီးမှုပိုင်းမှာလည်း တိုးတက်မှုတွေရှိနေပါတယ်” ဆိုပြီး Facebook က ထုတ်ပြန်သွားပါတယ်။
 
Strategy First Journal
 
Read times
Rate this item
(0 votes)