ဥရောပဈေးကွက်မှာ ရောင်းအားအကောင်းဆုံး နံပါတ်လေးနေရာမှာ ရပ်တည်နေတဲ့ Xiaomi

ဥရောပဈေးကွက်မှာ ရောင်းအားအကောင်းဆုံး နံပါတ်လေးနေရာမှာ ရပ်တည်နေတဲ့ Xiaomi google.com
တရုတ်နည်းပညာကုမ္ပဏီ Xiaomi ထုတ် စမတ်ဖုန်းတွေ ယခုနှစ် တတိယသုံးလပတ်အတွင်း ဥရောပဈေးကွက်ထဲမှာ ရောင်းအား အထူးကောင်းမွန်ခဲ့တယ်လို့ ကမ္ဘာလုံးဆိုင်ရာနည်းပညာ ဈေးကွက်သုသေတနကုမ္ပဏီ Canalys က ထုတ်ပြန်ပါတယ်။
 
Xiaomi ဟာ အဆိုပါဈေးကွက်မှာ ဈေးကွက်ဝေစု ၁၀ ဒသမ ၅ ရာခိုင်နှုန်းအထိရရှိထားပြီး ယင်းတတိယသုံးလပတ်မှာ ဖုန်းအလုံးရေ ၅ ဒသမ ၅ သန်းအထိ တင်ပို့ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။
 
ဒါဟာ ယမန်နှစ်အလားတူကာလတုန်းက ဖုန်းအလုံးရေ ၃ ဒသမ ၂ သန်းကနေ သိသိသာသာ တက်လာခဲ့တာလည်းဖြစ်ပါတယ်။
 
ဒါဟာ ကုမ္ပဏီရဲ့ ဈေးကွက်ချဲ့ထွင်မှု အားကောင်းခြင်းနဲ့ အဓိက သက်ဆိုင်နေတယ်လို့ သိရပါတယ်။
 
Xiaomi ကတော့ ကမ္ဘာတစ်ဝန်း စမတ်ဖုန်း တင်ပို့ရောင်းချမှုပိုင်းမှာ Samsung ၊ Huawei ၊ Apple ရဲ့ နောက် နံပါတ်လေးနေရာမှာ ရှိနေပြီး ဖုန်းအလုံးရေ ၉ ဒသမ ၈ သန်း တင်ပို့ရောင်းချထားခဲ့ရတယ်လို့ သိရပါတယ်။
 
Strategy First Journal
 
Read times
Rate this item
(0 votes)