Xiaomi မှထပ်မံထုတ်လုပ်လိုက်တဲ့ ဒေါ်လာ ၂၀ တန် Power bank

Xiaomi မှထပ်မံထုတ်လုပ်လိုက်တဲ့ ဒေါ်လာ ၂၀ တန် Power bank google.com
Xiaomi ဟာ စမတ်ဖုန်းများအပြင် အသုံးအဆောင်ပစ္စည်းအမျိုးအစားပေါင်း ရာပေါင်းများစွာလည်း ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
ယနေ့မှာ Xiaomi ဟာ သေးငယ်တဲ့ Power Bank တစ်ခုကို ကြေညာလာပါတယ်။ Xiaomi ရဲ့ Power Bank ကို Hand Warmer အဖြစ်လည်း အသုံးပြုနိုင်တာကြောင့် ယခုကဲ့သို့ ဆောင်းရာသီကာလမှာ အလွန်အသုံးတည့်လာပါမယ်။
 
Xiaomi Power Bank ဟာ လက်ကို 52 ဒီဂရီအထိ အနွေးဓာတ်ပေးနိုင်ပါတယ်။ ဒီဇိုင်းကတော့ ရေဒီယိုငယ်ပုံသဏ္ဌာန်ဖြစ်ပြီး အလူမီနီယမ်ကိုယ်ထည်အသုံးပြုထားကြောင့် အပူချိန်ကို အမြန်ဆုံးခံစားရမှာ ဖြစ်ပါတယ်။
 
Xiaomi Power Bank ငယ်ကို Fire Resistant ABS နှင့် အခြားနည်းပညာများ ပေါင်းစပ်ဖန်တီးထားတာကြောင့် အသုံးပြုသူများအနေဖြင့် လုံခြုံစိတ်ချစွာ သုံးနိုင်ပါမယ်။
 
ဒီ Device ငယ်မှာ ခလုတ်နှစ်ခု ပါဝင်ပါတယ်။ ဘယ်ဖက်ခလုတ်ကို စမတ်ဖုန်းကို အားသွင်းဖို့ဖြစ်ပြီး ညာဖက်ခလုတ်ကတော့ အပူပေးဖို့ ဖြစ်ပါတယ်။ ဒါ့အပြင့် အပူချိန်ကိုလည်း ပြသပေးပါမယ်။
 
စိတ်ဝင်စားဖို့ကောင်းတာကတော့ အရွယ်အစားသေးငယ်ပေမယ့်လည်း ဘက်ထရီ 5000 mAh အထိ ပါဝင်တာကြောင့် အရေးပေါ်ဘက်ထရီအားသွင်းလို့ ရပါတယ်။ အားသွင်းလို့ ပြည့်သွင်းရင် အားသွင်းမှုရပ်တဲ့စနစ်လည်း ပါဝင်ပါတယ်။
 
Xiaomi Power Bank ငယ်ကို အစိမ်းရောင်၊ ပန်းရောင်၊ အနီရောင်တို့ဖြင့် ရွေးချယ်နိုင်ပါမယ်။ ဈေးနှုန်းက ဒေါ်လာ 20 ဝန်းကျင်ဖြစ်ပါတယ်။
 
NetGuide Journal
Read times
Rate this item
(1 Vote)