Google တည်ထောင်သူ Larry Page နဲ့ Sergey Brin တို့က သူတို့ရဲ့မိခင်ကုမ္ပဏီ Alphabet ကနေ CEO ရာထူးဖယ်ပေးလိုက်တယ်လို့ ဒီနေ့မှာကြေညာလိုက်ပါတယ်။
သူတို့နှစ်ဦးCEO အဖြစ်မှ ဖယ်ပေးလိုက်တာကြောင့် အရင်က Google ရဲ့အကြီးအကဲဖြစ်သူ Sundar Pichai က Google နဲ့ Alphabet နှစ်ခုလုံးအတွက် CEO ဖြစ်ပါလာတယ်။
သူရဲ့တာဝန်ယူမှုကြောင့် Alphabet ရဲ့နေ့စဉ်လုပ်ငန်းတာဝန်တွေအပေါ်ထိခိုက်မှုရှိမှာမဟုတ်ဘူးလို့လည်း Pichai ကပြောကြားခဲ့ပါတယ်။ Google အပေါ်မှာလည်း ပိုမိုအာရုံစိုက်သွားမှာဖြစ်ပြီး Alphabet ရဲ့ နှစ်ရှည်စီမံကိန်းတွေ၊ အနာဂတ်အတွက်စိန်ခေါ်မှုတွေ အတွက်လည်း သေချာစီမံခန့်ခွဲ လုပ်ကိုင်သွားမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။
Page နဲ့ Brin တို့ကလည်း နှုတ်ထွက်သွားပေမယ့် Google နဲ့ Alphabet အတွက် ဘုတ်အဖွဲ့ဝင်များ၊ ရှယ်ယာရှင်များ၊ ပူးတွဲတည်ထောင်သူများ အဖြစ်ဆက်လက်တည်ရှိသွားမယ်လို့ ဆိုပါတယ်။