Alibaba နဲ့ အလုပ်တွဲ လုပ်တော့မယ့် Manchester United ဘောလုံးအသင်း

Alibaba နဲ့ အလုပ်တွဲ လုပ်တော့မယ့် Manchester United ဘောလုံးအသင်း google.com
ပရီးမီယားလိဂ် နာမည်ကြီး ဘောလုံးအသင်းဖြစ်တဲ့ အင်္ဂလန် နိုင်ငံ မှ သရဲနီ ဘောလုံးအသင်း မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ E- Commerce လောက ရဲ့ အကြီးဆုံး လုပ်ငန်းစုကြီးဖြစ်တဲ့ Alibaba နဲ့ လက်တွဲ ပြီး တရုတ် ပြည်မှ မန်ယူ ပရိသတ် တွေ အတွက် လုပ်ငန်းချဲ့ ထွင်တော့မှာလည်းဖြစ်ပါတယ်။
 
ဒီလို လက်တွဲ လုပ်ကိုင် မှုမှာ Alibaba ဟာ မန်ယူအသင်း နှင့် ပတ်သက်သောအရာများကို အနာဂတ်မှာ ၎င်းတို့ လုပ်ငန်းစုတိုးတက် ဖို့ ရည်ရွယ်ကာ ၎င်း တို့ရဲ့ Alibaba ရဲ့ လက်အောက်ခံ Video Platform ဖြစ်တဲ့ Youku သာမက ၎င်းတို့ရဲ့ အရောင်းအဝယ် Website ဖြစ်သော Tmall နှင့် ပါ ချိတ်ဆက် တွဲလုပ်မယ်လို့သိရပါတယ်။ ( Youku သည် တရုတ် ပြည်မှ ထုတ်လုပ်ထားသော Youtube ကဲ့သို့ သော Video Platform ဖြစ်သည်)
 
ထိုကဲ့သို့ လက်တွဲ လုပ်ဆောင်ဖို့ သဘောတူညီမှုဟာ မန်ယူအသင်းအတွက် စီးပွားရေးလောကမှာ တရုတ် ဈေးကွက် အထိ နယ်မြေချဲ့ ထွင်ဖို့ ခြေလှမ်းအသစ် တစ်ခုလည်းဖြစ်ပါတယ်။
 
မန်ယူအသင်းရဲ့ Managing Director ဖြစ်သော Richard Arnolds ရဲ့ ပြောကြားချက်က တော့ “ ကျွန်တော်တို့တွေက အမြဲတမ်း အသင်းရဲ့ ပရိသတ်တွေနဲ့ ထိတွေ့ဖို့ နည်းလမ်းကိုသာရှာနေတာပါ အခုလို Alibaba နဲ့ အလုပ်တွဲ လုပ်ခြင်းအားဖြင့် Youku လို နာမည်ကြီး Video Platform နဲ့ အလုပ်တွဲလုပ်တော့တာမို့ တရုတ်ပြည်က ပရိသတ်နဲ့ အထိအတွေ့ ပိုမိုရနိုင်ပါတယ် “လို့ ပြီးခဲ့ တဲ့ သောကြာနေ့က ပြောကြားခဲ့ပါတယ်။
 
ဒါပေမဲ့ မန်ယူရဲ့ ပရီးမီးယားလိဂ် ဘောလုံး ပွဲစဉ်တွေကိုတော့ ထို တရုတ် Video Platform ဖြစ်တဲ့ Youku မှာ ပြသလို့ရမှာ မဟုတ်ပါဘူး။ သို့ပေမဲ့ အဆိုပါ Platform ပေါ်မှာ မန်ယူအတွက် သီးသန့် Officilal ချန်နယ်တစ်ခုတော့ ရှိလာပါလိမ့်မယ်။ ထို Platform မှာ မန်ယူရဲ့ ကြော်ငြာလေးတွေ ၊ video အတိုလေးတွေ တင်နိုင်ပါလိမ့်မယ်လို့သိရပါတယ်။ မန်ယူ ရဲ့ Youku ချန်နယ်မှာ တရုတ်ပြည်ပရိသတ် ကြိုက်နှစ်သက်လောက်မဲ့ ပုံစံ ၊ ကမ္ဘာတစ်လွှား သဘောကျမဲ့ ပုံစံ , ထို့ပြင်၎င်းတို့ မန်ယူ သင်တန်းကျောင်းမှ Video အတိုလေးများ ၊ မန်ယူ အမျိုးသမီးဘောလုံးအသင်းမှ ကမ္ဘာလှည့် ကစားပွဲ များ အကြောင်းကို ထို Chanel တွင် တင်မယ် လို့သိရပါတယ်။
 
မန်ယူ ဟာ အဲဒီ့ လမ်းကြောင်းဖောက်ပြီးသွားရင် Youku မှ ကြည့်ရှုသူ ၇၀၀ မီလီယံက သူတို့ လက်ခုပ် ထဲ တွင်ဖြစ်သွားပါပြီ ဆိုကာပြောကြားခဲ့ ပါတယ်။
 
မန်ယူ အသင်းဟာ UK မှာ ၎င်းတို့ ရဲ့ မန်ယူတီဗီဆိုတဲ့ ရုပ်သံ လိုင်းတစ်ခုရှိပါသေးတယ်။ ထို ရုပ်သံလိုင်းအတွက်လဲ ရိုက်ကူးထားတာတွေ အများကြီး ရှိပါတယ်။ ထိုသို့ မန်ယူအနေနှင့် သူတို့ရဲ့ တရုတ်ပြည် ပရိသတ် တွေကို ဆွဲဆောင်နိုင်ခဲ့ ပြီး Fan base တစ်ခု တည်ထောင်နေစဉ် Tmall မှလည်း တစ်ခါထဲ မန်ယူမှ ပစ္စည်းတွေ ရောင်းနေမှာပါ။
 
မန်ယူရဲ့ ပြောဆိုပုံ အရ အခုလို Alibaba လုပ်ငန်းစုနဲ့ ပူးပေါင်းတာဟာ နောက် တရုတ်ပြည်မှာ မန်ယူ ပစ္စည်းတွေကြည့် သီးသန့်ရောင်းတဲ့ ဆိုင်များ အများကြီးဖွင့်ဖို့ ပါလို့ပြောပါတယ်။
 
မန်ယူ ရွှေခေတ် ရောက်ခဲ့တုန်းက တစ်ကမ္ဘာလုံး အသည်းအသန်အားပေးကြပြီး မန်ယူဟာ အခုချိန်ထိလဲ ထိပ်စီးမှာ ပဲ ရှိပါသေးတယ်။ မန်ယူဟာ အထင်ကြီးလေးစားစရာ အသင်းအဖြစ်ရပ်တည်လျှက်ပါ။
 
ပရီးမီးယား လိဒ် မှာ မန်ယူ ဟာ ပြီးခဲ့ တဲ့ ရာသီ တုန်းက အဆင့် ၆ အဖြစ် ရပ်တည်ခဲ့တဲ့ အတွက် ချန်ပီယံလိဒ် ဝင်ခွင့် မရရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ စနေနေ့တုန်း က မန်ချက်စတာ ဒါဘီ ပွဲစဉ် အဖြစ် ယဉ်ပြိုင်ခဲ့ရာ မန်ယူ အသင်းဟာ မန်စီးတီးအသင်းကို အနိုင် ရရှိခဲ့ပါတယ်။
 
ပြီးခဲ့ တဲ့ ဒီဇင်ဘာက ပေါ်တူဂီ လူမျိုး နည်းပြ မော်ရင်ဟို ထုတ်ပယ်ခဲ့ပြီး မန်ယူ အသင်းရဲ့ ဂန္တဝင် ကစားသမား ဆိုးရှား ကို နည်းပြအဖြစ်ခန့်အပ်ခဲ့ ပါတယ်။ ဆိုးရှား ဟာ ဆိုရင် မန်ယူမှ လူငယ်ကစားသမားတွေကို မြေတောင်မြှောက်ပေးနေသလူလည်းဖြစ်ပါတယ်။
 
 
ရေးသားသူ ဆိုင်မွန် အက်ဗင့်
Reuters မှ ဘာသာ ပြန်သည်
Read times
Rate this item
(3 votes)