အသစ်ထွက်ရှိလာတဲ့ Google ရဲ့ Interpreter Mode

အသစ်ထွက်ရှိလာတဲ့ Google ရဲ့ Interpreter Mode google.com
 
 
 

 
 
Unicode Version
 

Interpreter Mode လို့ခေါ်တဲ့ ဘာသာပြန်လုပ်ဆောင်ချက်စနစ်တစ်ခုကို ယခုအခါ မိုဘိုင်းဖုန်းတွေအတွက် စတင်ဖြန့်ချီပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

ဒီစနစ်မှာတော့ စကားပြောဆိုမှုတွေကို အချိန်နဲ့တပြေးညီ ဘာသာပြန်ဆိုနိုင်မှာဖြစ်ပါတယ်။ ဒီစနစ်မှာ ဘာသာစကားပေါင်း ၄၄ မျိုးထိ ပါဝင်မှာဖြစ်ပြီး ဒီ Mode ကို အသုံးပြုနိုင်ရန်အတွက် Google Assistant ကို အသုံးပြုရမှာပဲဖြစ်ပါတယ်။

" Hey Google " စကားလုံးကိုအသုံးပြုပြီး Google Assistant ကိုခေါ်ဆိုပြီးနောက် Assistant မှ အသုံးပြုသူ ဘာသာပြန်လိုတဲ့အတိုင်း ဘာသာပြန်ဆိုပေးမှာပဲဖြစ်ပါတယ်။ ဘာသာပြန်စကားပြောဆိုမှုတွေ အဆက်မပြတ် ပြုလုပ်နိုင်အောင်လည်း Smart Reply များကိုပါ ထည့်သွင်းပေးထားပါသေးတယ်။

 

ဒီ Interpreter Mode ကို အရင်က စမတ်စပီကာများနဲ့ စမတ် Displays များမှာသာအသုံးပြုနိုင်တာဖြစ်ပြီး ယခုအခါမှာတော့ Android ရော iOS မှာပါ စတင်အသုံးပြုနိုင်တော့မှာပဲ ဖြစ်ပါတယ်။

 
Ref; The Verge
Read times
Rate this item
(3 votes)