OnePlus 8 Series တွေကို 5G ကွန်ယက်နဲ့ စတင်ဖြန့်ချိဖွယ်ရှိ

OnePlus 8 Series တွေကို 5G ကွန်ယက်နဲ့ စတင်ဖြန့်ချိဖွယ်ရှိ google.com
OnePlus ရဲ့နောက်ထပ်ဖုန်းဖြစ်တဲ့ OnePlus 8 ကို အမေရိကန်နိုင်ငံခြေစိုက် Verizon Telecom ရဲ့ 5G ကွန်ယက်နဲ့ စတင်ဖြန့်ချိမယ်ဆိုပြီး Android Police က ဖော်ပြလာခဲ့ပါတယ်။
 
ဂျာမနီ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ T-Mobile သည် OnePlus ရဲ့ တစ်ခုတည်းသော ဆက်သွယ်ရေးကုမ္ပဏီဖြစ်တာကြောင့်မို့ OnePlus 8 တွေမှာ Verizon ရဲ့ 5G support နဲ့ ပထမဆုံးဖြန့်ချိမှာဖြစ်ပါတယ်။ 
 
CES 2020 ပွဲမှာလည်း OnePlus အနေနဲ့ Concept One လို့အမည်ရတဲ့ ဖုန်းတစ်လုံးကိုပြသခဲ့ပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ မျက်နှာပြင်မှာ ကင်မရာအပေါက်မပါနေတာက စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ တရုတ်မီဒီယာတွေရဲ့ဖော်ပြချက်အရဆိုရင် OnePlus သည် နည်းပညာအသစ်တစ်ခုကိုဖန်တီးနေပြီး OnePlus 8 series တွေမှာ သုံးနိုင်ဖွယ်ရှိတယ်လို့ ဖော်ပြနေကြတယ်။ သို့သော် တိကျတဲ့ သတင်းမဟုတ်တဲ့အတွက် အများကြီးတော့ မျှော်မှန်းလို့တော့ မရဘူးဖြစ်နေတယ်။
 
တချို့ကလည်း OnePlus 7 & 7 pro မှာ pop-up selfie camera ဘဲသုံးတာကြောင့်မို့ နောက်ထပ်မျိုးဆက်တွေက hole-punch display နဲ့ဘဲ ပွဲထုတ်လာနိုင်တယ်လို့ ခန့်မှန်းချက်များ ထုတ်ထားကြတယ်။ 
 
One Plus အနေနဲ့ ၂၀၁၉ခုနှစ် မေလတုန်းက OnePlus 7 pro ကို အမေရိကန်ဒေါ်လာ ၆၉၉ နဲ့ပွဲထုတ်ထားခဲ့တာဖြစ်တယ်။ အခြား Flash ship smartphones တွေနဲ့ ယှဉ်ကြည့်ရင်တော့ ဈေးသက်သာတဲ့ Flash ship ဖုန်းဖြစ်နေတာ အမှန်ပါဘဲ။ ဒါကြောင့်လည်း ဒီတစ်ခေါက် OnePlus 8 series တွေမှာလည်း အရင် OnePlus 7 series တွေရဲ့ ဈေးဝန်းကျင်ရှိမယ်လို့လည်း တရုတ်မီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။
 
Zawgyi Version
 
OnePlus 8 Series ေတြကို 5G ကြန္ယက္နဲ႔ စတင္ျဖန္႔ခ်ိဖြယ္ရွိ
 
OnePlus ရဲ႕ေနာက္ထပ္ဖုန္းျဖစ္တဲ့ One Plus 8 ကို အေမရိကန္ႏိုင္ငံေျခစိုက္ Verizon Telecom ရဲ႕ 5G ကြန္ယက္နဲ႔ စတင္ျဖန္႔ခ်ိမယ္ဆိုၿပီး Android Police က ေဖာ္ျပလာခဲ့ပါတယ္။ ဂ်ာမနီ ဆက္သြယ္ေရးကုမၸဏီတစ္ခုျဖစ္တဲ့ T-Mobile သည္ OnePlus ရဲ႕ တစ္ခုတည္းေသာ ဆက္သြယ္ေရးကုမၸဏီျဖစ္တာေၾကာင့္မို႔ OnePlus 8 ေတြမွာ Verizon ရဲ႕ 5G support နဲ႔ ပထမဆုံးျဖန္႔ခ်ိမွာျဖစ္ပါတယ္။ 
 
CES 2020 ပြဲမွာလည္း OnePlus အေနနဲ႔ Concept One လို႔အမည္ရတဲ့ ဖုန္းတစ္လုံးကိုျပသခဲ့ပါတယ္။ ဖုန္းတစ္ခုလုံးရဲ႕ မ်က္ႏွာျပင္မွာ ကင္မရာအေပါက္မပါေနတာက စိတ္ဝင္စားစရာျဖစ္ခဲ့ပါတယ္။ တ႐ုတ္မီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရဆိုရင္ OnePlus သည္ နည္းပညာအသစ္တစ္ခုကိုဖန္တီးေနၿပီး OnePlus 8 series ေတြမွာ သုံးႏိုင္ဖြယ္ရွိတယ္လို႔ ေဖာ္ျပေနၾကတယ္။ သို႔ေသာ္ တိက်တဲ့ သတင္းမဟုတ္တဲ့အတြက္ အမ်ားႀကီးေတာ့ ေမွ်ာ္မွန္းလို႔ေတာ့ မရဘူးျဖစ္ေနတယ္။
 
တခ်ိဳ႕ကလည္း OnePlus 7 & 7 pro မွာ pop-up selfie camera ဘဲသုံးတာေၾကာင့္မို႔ ေနာက္ထပ္မ်ိဳးဆက္ေတြက hole-punch display နဲ႔ဘဲ ပြဲထုတ္လာႏိုင္တယ္လို႔ ခန္႔မွန္းခ်က္မ်ား ထုတ္ထားၾကတယ္။ 
 
OnePlus အေနနဲ႔ ၂၀၁၉ခုႏွစ္ ေမလတုန္းက OnePlus 7 pro ကို အေမရိကန္ေဒၚလာ ၆၉၉ နဲ႔ပြဲထုတ္ထားခဲ့တာျဖစ္တယ္။ အျခား Flash ship smartphones ေတြနဲ႔ ယွဥ္ၾကည့္ရင္ေတာ့ ေစ်းသက္သာတဲ့ Flash ship ဖုန္းျဖစ္ေနတာ အမွန္ပါဘဲ။ ဒါေၾကာင့္လည္း ဒီတစ္ေခါက္ OnePlus 8 series ေတြမွာလည္း အရင္ OnePlus 7 series ေတြရဲ႕ ေစ်းဝန္းက်င္ရွိမယ္လို႔လည္း တ႐ုတ္မီဒီယာေတြမွာ ေဖာ္ျပထားၾကပါတယ္။
 
 
Read times
Rate this item
(0 votes)